၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅

ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့လို ခရီးသည် ၃ ဦးရှိနေတဲ့အတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မှာ မဟုတ်ဘူးလို့ လီဗာပူးလ် အသင်းနောက်ခံလူဟောင်း ကာရေဂါက ပြောလိုက်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အုပ်စု ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘတ်ပီက ပီအက်စ်ဂျီအတွက် ဦး ဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် စတာလင်နဲ့ ဂျီးဆပ်စ်တို့က မန်စီးတီးအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေး နိုင်ခဲ့တာ ကြောင့် မန်စီးတီး အသင်းနိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီး အသင်းဟာ ပီအက်စ်ဂျီအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး မက်ဆီနဲ့ နေမာတို့ကတော့ အသင်းနဲ့ အံဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ကာရေဂါကတော့ အသင်းရှေ့တန်း ကစားသမား ၃ ဦးရဲ့ ညံ့ဖျင်းတဲ့ လုပ်အားနှုန်း ကြောင့် ပီအက်စ်ဂျီ အသင်းဟာ နောက်ပြန်ဆုတ်နေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ပုံ- ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်။ (Daily Advent)

ကာရေဂါက “အသင်းတွေဟာ ဘယ်သူ့ကိုမဆို သယ်ဆောင်သွားလို့ ရတယ်ဆိုတာ ကျနော် မယုံကြည်ပါဘူး။ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ ချန်ပီယံလိဂ်ဖလားရနိုင်တဲ့ အသင်းတွေအဖြစ် ကျနော် တွေးထင်မိ ပါတယ်။ သူတို့တွေဟာ ဒီလိုခရီးသည်တွေကို သယ်ဆောင်သွားမှာ မဟုတ်ပါဘူး။ ပီအက်စ်ဂျီကတော့ သူတို့ ၃ ဦးကို သယ် ဆောင်သွားပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကာရေဂါက “အဲဒါကြောင့် ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးမရှိပါဘူး။ လုံးဝကို အခွင့်အရေး မရှိတာပါ။ ဘတ်ပီဟာ တခြားသူတွေနဲ့ ဘယ်သူမှမတူပါဘူး။ အဲ့ဒါကို ကြည့်ရတာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မက်ဆီကို အတိုင်းအတာ တစ်ခုအထိ ကျနော်နားလည်နိုင်ပါတယ်။ သူဟာ အသက် ၃၄ နှစ်ရှိပါပြီ အချိန်အတိုင်းအတာ တစ်ခု အထိ သူ့ကိုယ်သူ ကယ်တင်ရပါမယ်။ သူဟာ ဒါကို မသယ်ဆောင် နိုင်သေးဘူးလို့ ထင်ပါတယ်။ ဘာစီလိုနာအသင်း ချန်ပီယံ လိဂ်ဖလားကို မရရှိတာ အချိန်ကြာပြီဆိုတာကို မမေ့ပါနဲ့။ ဘတ်ပီဆိုရင် မန်စီးတီးနဲ့ပွဲမှာ အသင်းဖော်တွေကို အကူအညီ ပေး သင့်ပါတယ်။ ဒါပေမယ့် သူလမ်းလျှောက်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်ကစားသမားဟောင်းက ထပ်ပြီး “ကျနော်ကတော့ ဒါတွေကို လက်မခံနိုင်ပါဘူး။ သူတို့ ဘယ်လောက်ကောင်း လဲဆိုတာ လည်း ကျနော်ဂရုမစိုက်ပါဘူး။ သူတို့ဟာ အသင်းအတွက် အလုပ်မလုပ် ပေးနိုင်ကြပါဘူး။ ခရီးသည်တွေကို သယ်ဆောင် နေရတဲ့ ရက်တွေက ကြာရှည်လှပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်း အုပ်စုတွင်း ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံခဲ့တုန်းက ပီအက်စ်ဂျီ အသင်းက မက်ဆီ၊ ဂွီယီ တို့ရဲ့ ဂိုးတွေကြောင့် ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source:Metro.co.uk