CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၄

ပြင်သစ်လက်ရွေးစင်နဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းဖော်ဟောင်း ဗယ်လ်ဘွေနာကို လိင်ပိုင်းဆိုင်ရာ ဗီဒီယိုပြသပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့လို့ ဆိုင်းငံ့ထောင်ဒဏ်(၁)နှစ်နဲ့ ဒဏ်ကြေးငွေ ယူရို ၇ သောင်း ၅ ထောင် ပေးဆောင်ဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘန်ဇီမာရဲ့ ရှေ့နေကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ အတည်ပြုထားပါတယ်။