နောက်ထပ် ချစ်သူတစ်ဦးဖြစ်တဲ့ ဆိုဆာနဲ့ ၂၀၁၈ ခုနှစ်တွင် အတူနေထိုင်ခဲ့တယ်ဆိုသော သတင်းတွေ ထွက်ပေါ် ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ လက်တွဲဖော်ဟောင်းဖြစ်တဲ့ ကိုလ်အဲလ်ဟိုကို ပေးချေစရာရှိတာ မပေးဘူးဆိုရင် သူ့ ပိုင်ဆိုင်မှုတွေကိုထားပြီး အဖမ်းခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ကိုလ်အဲလ်ဟိုရဲ့ရှေ့နေဖြစ်သူ ဘရူနိုမီဒရာဒို က ရော်နယ်ဒင်ဟိုဟာ တစ်လလျှင် ဒေါ်လာ ၁၇၇၀၀ ကို ယာယီ စရိတ်အနေနဲ့ စတင်ပေးချေဖို့ သဘောတူညီမှုရရှိထားကာ ရော်နယ်ဒင်ဟိုအနေနဲ့ အယူခံဝင်ခွင့်မရှိဘူးလို့ ပြောထားပါတယ်။ရော်နယ်ဒင်ဟိုနဲ့ ကိုလ်အဲလ်ဟိုတို့ဟာ ၆ နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ လမ်းခွဲ ခဲ့ကြတာဖြစ်ပြီး အတူနေထိုင်ကြတဲ့ စုံတွဲတွေကြားမှာ သာမန်လက်ထပ်ခြင်းလို့ ယူဆခံရပြီးနောက် ဒီလိုတွေ ဖြစ်လာခဲ့တာပါ။
ရှေ့နေ မီဒရာဒို က “ရော်နယ်ဒင်ဟို အနေနဲ့ ဒီဆုံးဖြတ်ချက်တွေကို ပြန်ပြောင်းချင်တယ်ဆိုရင် ယာယီစရိတ်ကို ဘယ်လိုအရာတွေပေးခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး အဓိက တရားစွဲဆိုမှုတွေတော့လုပ်ရမှာပါ။ အခု ပေးသည် ဖြစ်စေ၊မပေးသည်ဖြစ်စေပေါ့”လို့ ပြောခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ရဲ့ ဘောလွန်းဒီအောပိုင်ရှင်ဟာ လက်ရှိ ကာတာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတယ်လို့ ယုံကြည်ရပါတယ်။ ၎င်းဟာ ကပ်ရောဂါတွေမဖြစ်ပွားခင် ၂၀၂၀ ခုနှစ် မတ်လက အစ်ကိုလည်းဖြစ် အေးဂျင့်လည်း ဖြစ်သူ ရော်ဘတ်တိုဒီအက်ဆစ်နဲ့အတူ ဘရာဇီးလ်နိုင်ငံကနေ ပါရာဂွေးနိုင်ငံကို ဝင်ရောက်ဖို့အတွက် နိုင်ငံကူး လက်မှတ်အတုပြုလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို ဟာ ပါရာဂွေးအကျဉ်းထောင်မှာ ဖူဆယ်ပွဲတွေ ကစားခဲ့ပြီး အောင်ပွဲတွေ ရယူနိုင်ခဲ့ကာ အကျဉ်း ထောင်ထဲမှာပဲ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
တရားသူကြီးမှ ဘရာဇီးလ် ကစားသမားကို ဒေါ်လာ ၉ သောင်း ဒဏ်ကြေးငွေပေးဆောင်ခွင့်ပြုပြီးနောက် သြဂုတ် လ ၂၅ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ထောင်မကျခင်က ဘာစီလိုနာမှာ နောက်ကွယ်ကနေ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။
ဥက္ကဋ္ဌ လာပေါ်တာလက်ထက်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မဆွေးနွေးရသေးပေမယ့် ကစားသမားဟာ အကျဉ်း ထောင်ကနေ ထွက်လာအပြီးမှာ ဒေါ်လာ ၉ သိန်းနီးပါး ရရှိခဲ့တယ်လို့ စပိန်သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ အသင်းဖော်ဟောင်း မက်ဆီရှိရာ ပဲရစ်ကို အောက်တိုဘာလက သွားရောက်တာ အပါအဝင် ဥရောပနိုင်ငံတွေကို လှည့်လည်သွားလာနေတာကြောင့် ကိုလ်အဲလ်ဟို ပေးချေရမယ့် ဘဏ္ဍာရေး ကတိကဝတ် တွေကို နောက်ကျနေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။