CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာက ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် အနာဂတ် အတွက် ဆုံးဖြတ်ချက်ချရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒီရာသီက မန်စီးတီးနဲ့ နောက်ဆုံးရာသီဆိုတာ မမှန်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျနော်စဉ်းစားမှုတွေ ပြုလုပ်ရမှာပါ”လို့ Che Tempo Che Fa Show မှာ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးသလို ဒီရာသီကုန်ဆုံးရင် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းဟာ အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ အလွန်ရင်းနှီးတဲ့ ဘီဂီရီစတိန်းဟာ မန်စီးတီးအသင်းရဲ့ အောင်မြင်မှုတွေမှာ အနောက်ကွယ်ကနေ အဓိကကျတဲ့သူဖြစ်တာပါ။ 

ဂွာဒီယိုလာကို တွေ့ရစဉ်

အဲဒါကြောင့် ဘီဂီရီစတိန်းနဲ့အတူ ဂွာဒီယိုလာပါ မန်စီးတီးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ ပေမယ့် ဂွာဒီယိုလာကတော့ အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် အင်္ဂလန်အသင်း နည်းပြရာထူးအတွက်လည်း မေးမြန်းခြင်းခံခဲ့ရပြီး ဂွာဒီယိုလာကတော့ လက်ရှိထွက်ပေါ် နေတဲ့ သတင်းတွေက မှန်ကန်မှုမရှိဘဲ သူဆုံးဖြတ်ချက်ချပြီးရင် ပြောမယ်လို့ ဖြေခဲ့ပါတယ်။

ဂွာဒီယိုလာဟာ အင်္ဂလန်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပြီး အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)ရဲ့ အဓိကပစ်မှတ်လည်း ဖြစ်တာပါ။ 

အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လီကာစလေက ဆုဖလားတွေ ရယူနိုင်တဲ့ ကမ္ဘာ့အဆင့် နည်းပြဟာ ဒီနည်းပြရာထူးနဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာကတော့ လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့ အောင်မြင်မှုတွေရယူဖို့သာ အာရုံစိုက်နေပြီး မန်စီးတီး အသင်းဟာ ဒီအပတ်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro