CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂
နာမည်ကြီး ဂေါဖ့်ကစားသမားဖြစ်တဲ့ တိုက်ဂါးဝုဒ်ဟာ ဖေဖော်ဝါရီလက ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဂေါ့ဖ်ပြန်ကစားနိုင်ခဲ့တယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။
တိုက်ဂါးဝုဒ်ဟာ ကားမတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာဖြစ်ပြီး သူ ပထမဆုံးအကြိမ် ပြန်လည်ဂေါဖ့် ကစားနိုင်တဲ့ ဗီဒီယိုကို တွစ်တာအကောင့်မှာ တင်ထားခဲ့တာပါ။ တိုက်ဂါးဝုဒ်က သူဟာ တိုးတက်မှုတွေ ရရှိအောင် လုပ်ဆောင် နေတယ်ဆိုပြီး သူ့ရဲ့ နောက်ဆုံးရ အခြေအနေကို တွစ်တာကနေ ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုကြောင့် တိုက်ဂါးဝုဒ်သည် ခြေထောက် ၂ ဖက်လုံး ကျိုးသွားခဲ့ ပါတယ်။
တိုက်ဂါးဝုဒ် ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ သူ့ရဲ့ ညာဘက်ခြေထောက် အကာအကွယ် တပ်ဆင်ထားတာကို ပြသထားပါတယ်။ တိုက်ဂါးဝုဒ်ဟာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် သူ့ကို မမြင်တွေ့ရသလောက် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လက တော့ သူ့ရဲ့သားဖြစ်သူ ကစားတာကိုတော့ ကြည့်ရှုနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
ပုံ-က်ဂါးဝုဒ်စီးတဲ့ မော်တော်ယာဉ် မတော်တဆမှုဖြစ်။(USA Today)
အသက် ၄၅ နှစ်အရွယ်ရှိ ကမ္ဘာ့နံပတ်(၁) ကစားသမားဟောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အရ ကားပေါ်မှာ တစ်ဦးတည်း စီးနင်းခဲ့တာဖြစ်ပြီး ထိုင်ခုံခါးပတ်လည်း ပတ်ထားခဲ့တာဖြစ်ပါတယ်။ လော့အိန်ဂျလိစ် ရဲအရာရှိ ဌာနက ဒီအဖြစ်အပျက် အပြီးမှာ တိုက်ဂါးဝုဒ်ဟာ ကံကောင်းခဲ့တယ်လို့တောင် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် ဟာ အဓိက ချန်ပီယံဆု ၁၅ ကြိမ်အထိ ရရှိထားတဲ့ သူလည်း ဖြစ်ပါတယ်။
တိုက်ဂါးဝုဒ်သည် ကစားသမားဘဝ တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများအပြား ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တိုက်ဂါးဝုဒ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် လက်စွမ်းကောင်းတွေ မရတော့ဘဲ အောင်မြင်မှု တွေနဲ့ ဝေးကွာနေခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ဟာ နှစ်ပေါင်း ၁၁ နှစ်ကြာမှ ပထမဆုံးအကြိမ် အဓိက ချန်ပီယံဆုကို ၂၀၁၉ ခုနှစ်က မာစတာပြိုင်ပွဲမှာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: BBC Sport