CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၇

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ကစားသမားသစ် တွေ ထပ်ပြီးခေါ်ယူဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

မာရက်စ်ကာက “ကျနော်တို့ရဲ့ ကစားသမားမဟုတ်တဲ့ သူတွေအကြောင်းကို ပြောရတာ မမှန်ကန်ဘူးလို့ထင်ပါ တယ်။ ဒီအခိုက်အတန့်မှာ ကလပ်အသင်းအနေနဲ့ တစ်ခုခုလုပ်ရင် ဘာတွေလိုအပ်တယ်ဆိုတာ အတိအကျ သိပါ တယ်။ အပြောင်းအရွှေ့ ဈေးကွက်မပြီးဆုံးခင်မှာ ကစားသမားအချို့ကို ခေါ်ယူနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပက်ဒရိုနက်တို၊ ဘူရီဟောလ်၊ ဂျော်ဂျန်ဆန်၊ မာခ့်ဂူအီ အပါအဝင် ကစားသမား အများအပြားကို ခေါ်ယူထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ ကစားသမား ၄၀ ကျော်အထိ ရှိတဲ့အတွက် ကစားသမားအချို့ကို ရောင်းချ ဖို့လည်း လုပ်ဆောင်နေတာပါ။ 

နွေရာသီ အပြောင်းအရွှေ့ မပြီးဆုံးခင်မှာ ဂယ်လာဂါ၊ လူကာကူ၊ ချာလိုဘတ်၊ ချီဝဲလ်၊ ဘရိုဂျာနဲ့ စတာလင်တို့ဟာ ချယ်လ်ဆီးအသင်းက ထွက်ခွာရဖွယ်ရှိနေပါတယ်။

မာရက်စ်ကာကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ အသလက်တီကိုအသင်းက ဂျာအိုဖီးလစ်နဲ့ နာပိုလီအသင်းက အိုဆင်ဟမ်တို့ကို ခေါ်ယူဖို့ လည်း သတင်းတွေ ထွက်နေတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဒီကစားသမား ၂ ဦးနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖြေရှင်းဖို့ ငြင်းဆန်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်ဖို့ နှစ်ပတ်သာ လိုတော့တဲ့အချိန်မှာ ကစားသမားသစ်တွေ ထပ်ပြီးရောက်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၁၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal