CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၇

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကစားသမားတွေဟာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့နဲ့ ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီးကောင်းအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။ 

အာတီတာက "ကစားသမားတွေက ပရီးမီးယားလိဂ် ရယူနိုင်အောင် လုပ်ဆောင်မယ်၊ ဒီထက်ပိုပြီးလိုချင်တယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီနေရာမှာ ရပ်နေမှာမဟုတ်ပါဘူး။ ကျနော်တို့ ဘယ်လိုတိုးတက်ချင်လဲ နဲ့ ကစားသမားတွေ ဘယ်လို တိုးတက်လာမလဲဆိုတာ သိပါတယ်။ အနားသတ်တွေက ကြီးမားပြီး ဒါကို ကျနော် တို့ ဖြည့်ရပါမယ်"လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ နောက်ဆုံးနှစ် ရာသီဆက်တိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းရဲ့ အနောက် ဒုတိယနေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကဆိုရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားအတွက် နောက်ဆုံးပွဲစဉ်အထိ မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ 

အဲဒါကြောင့် အာဆင်နယ်အသင်း ကစားသမားတွေဟာ ရာသီသစ်မှာ ဆုဖလားရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထား ကြတာ ဖြစ်ပါတယ်။

အာတီတာကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ စပိန်ဂိုးသမား ဒေးဗစ်ရာယာ၊ အီတလီနောက်ခံလူ ကာလာဖီအိုရီတို့ကို ခေါ်ယူထားပြီး စပိန်အသင်း ကွင်းလယ်လူ မယ်ရီနိုကို ခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတာပါ။ 

ဒူးဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့တဲ့ နောက်ခံလူ တင်ဘာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ရက်သတ္တပတ် ပေါင်းများစွာ ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့တာ ကြောင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိတယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN