CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

အေဂျက်စ်အသင်းက ပါနာသီနိုင်ကို့စ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲစဉ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ နှစ်သင်းပေါင်း ပင်နယ်တီ ၃၄ လုံး ကန်သွင်းပြီး UEFA ပြိုင်ပွဲသမိုင်းမှာ စံချိန်သစ်တင် နိုင်ခဲ့ပါ တယ်။ 

အေဂျက်စ်နဲ့ ပါနာသီနိုင်ကို့စ် အသင်းတို့ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၁၇ လုံးစီ ကန်သွင်းခဲ့ကြတာဖြစ်ပြီး ၂၅ မိနစ်ကြာခဲ့တဲ့ ဒီပင်နယ်တီမှာ အေဂျက်စ်အသင်းက ၁၃ ဂိုး-၁၂ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ တာပါ။ 

ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲစဉ်ရဲ့ ပထမအကျော့မှာ အေဂျက်စ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ပါနာသီနိုင်ကို့စ်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ ပြန်လည် အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ဘယ်အသင်းမှ ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ ရတာပါ။

အေဂျက်စ်အသင်းကို တွေ့ရစဉ်

အေဂျက်စ်နဲ့ ပါနာသီနိုင်ကို့စ် အသင်းတို့ ပွဲစဉ်မတိုင်ခင် UEFA ပြိုင်ပွဲသမိုင်းမှာ အရှည်ကြာဆုံး ပင်နယ်တီ ကန်သွင်းခဲ့တဲ့ပွဲကတော့ ၂၀၀၇ က ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ပြိုင်ပွဲဖြစ်ပြီး နယ်သာလန်အသင်းက အင်္ဂလန် အသင်းကို အနိုင်ရခဲ့တဲ့ ဒီပွဲမှာ နှစ်သင်းပေါင်း ပင်နယ်တီ ၃၂ လုံး ကန်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ အေဂျက်စ်နဲ့ ပါနာသီနိုင်ကို့စ်တို့ပွဲစဉ်က UEFA ပြိုင်ပွဲသမိုင်းမှာ ပင်နယ်တီကန်သွင်းမှု စံချိန်သစ် ဖြစ်လာခဲ့တာပါ။ 

ပင်နယ်တီ အဆုံးအဖြတ်မှာ အေဂျက်စ်အသင်းရဲ့ အသက် ၄၀ နှစ်အရွယ်ရှိ ဂိုးသမား ပတ်စဗာဟာ ပင်နယ်တီ ၅ လုံး ကာကွယ်ပြီး သူကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အေဂျက်စ်အသင်းနည်းပြ ဖာရီအိုလီက ပင်နယ်တီ ကန်သွင်းမှု ကြာချိန်ဟာ မယုံနိုင်စရာဖြစ်ခဲ့ပေမယ့် နောက်ထပ် အရေးကြီးတဲ့ အဆင့်ကို အသင်းရောက်ရှိခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အေဂျက်စ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့်မှာ ပိုလန်ကလပ် ဘီရယ်လ်စတော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN