CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇

မက္ကဆီကို လက်ဝှေ့သမား အယ်လ်ဗားရတ်စ်ဟာ လာမယ့်နှစ် မေလမှာ WBC ခရူဇာဝိတ်ချန်ပီယံ မာကာဘူနဲ့ ယှဉ်ပြိုင် ထိုး သတ်သွားမှာဖြစ်ပြီး ဝိတ်တန်း ၅ ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

အယ်လ်ဗားရတ်စ်ဟာ အခုလ အစောပိုင်းက လတ်စ်ဗီးဂတ်စ်မှာ ကာလပ်ပလန့်ကို အနိုင်ထိုးသတ်နိုင်ခဲ့ပြီး ၁၆၈ ပေါင်နဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အယ်လ်ဗားရတ်စ်ဟာ လာမယ့် ၆ လအကြာမှာ နောက်ထပ်ပွဲစဉ်အတွက် (၇)ပေါင်ထပ်တိုးပြီး လိုက်ဟဲဗီးဝိတ်ပြိုင်ပွဲကို ပြန်သွားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နည်းပြဖြစ်တဲ့ အက်ဒီရေနိုဆိုက အယ်လ်ဗားရတ်စ်ဟာ မာကာဘူနဲ့ ထိုးသတ်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အက်ဒီရေနိုဆိုရဲ့ ပြောဆိုမှုအရ WBC ကလည်း ဒါကို အတည် ပြုခဲ့ပြီး မေလရဲ့ ရက်သတ္တပတ်အစ Cinco de Meyo မှာ ကျင်းပနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ပုံ-အယ်လ်ဗားရတ်စ်နဲ့ မာကာဘူကိုတွေ့ရစဉ်။(17Blogs)

မာကာဘူဟာ  ၂၀၁၆ ခုနှစ်က တိုနီဘဲလျုးကို အရေးနိမ့်ပြီးကတည်းက ရှုံးပွဲမရှိတော့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လက ဒီခါးပတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး WBC ချန်ပီယံဆုကို သုံးကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မာကာဘူဟာ ပွဲပေါင်း ၃၀ ထိုးသတ်ထားပြီး ၂၈ ပွဲအနိုင်ရကာ ၂ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒီအနိုင်ရတဲ့ ၂၈ ပွဲမှာ ၂၅ ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အယ်လ်ဗားရတ်စ်ကတော့ ပွဲပေါင်း ၆၀ ထိုးသတ်ထားပြီး ၅၇ ပွဲ အနိုင်ရရှိကာ ၁ ပွဲရှုံး ၂ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။ ၃၉ ပွဲကို အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ အယ်လ်ဗားရတ်စ်ဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက မေဝယ်လ်သာကို အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

Source:Sportsmole.co.uk