CNI Sport News 

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁

အင်္ဂလန်အသင်း နည်းပြဟောင်း မက္ကလာရင်ဟာ ဂျမေကာ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ယူနိုက်တက် အသင်း နည်းပြအဖွဲ့ဝင် အဖြစ်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့ မက္ကလာရင် ဟာ ပြီးခဲ့တဲ့ နှစ်ရာသီမှာ အသင်းနဲ့အတူ FA ဖလား၊ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ 

မက္ကလာရင်ဟာ ဂျမေကာအသင်း နည်းပြအဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဂျမေကာဘောလုံးအဖွဲ့ချုပ်က မက္ကလာရင်ရဲ့ ပစ်မှတ်က နိုင်ငံအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပေးဖို့ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဂျမေကာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မှုအဖြစ် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်တည်းသာ ယှဉ်ပြိုင် ခဲ့ပြီး ဒီပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

မက္ကလာရင်ကိုတွေ့ရစဉ်

၂၀၁၉ ခုနှစ်က ကျူပီအာအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် နည်းပြရာထူးကို ပြန်လည်ရယူမယ့် မက္ကလာရင်က ဂျမေကာအသင်း နည်းပြရာထူးကို လက်ခံဖို့ သူ့ဘက်က တုန့်ဆိုင်းမနေခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းမှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ မက္ကလာရင်ဟာ အင်္ဂလန်၊ မယ်ဒယ်ဘရော့၊ တွမ်တီး၊ ဝုလ်ဖ်ဘတ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဒါဘီ၊ နယူးကာဆယ်နဲ့ ကျူပီအာ အသင်းတို့ကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာပါ။ 

မက္ကလာရင်ဟာ နည်းပြဘဝမှာ အောင်မြင်မှုအဖြစ် မယ်ဒယ်ဘရော့၊ ဒါဘီနဲ့ တွမ်တီးအသင်းတွေမှာ ဆုဖလား ရယူနိုင်ခဲ့ပါတယ်။ 

မက္ကလာရင်ဟာ ဂျမေကာအသင်းကို လာမယ့် ကွန်ကာကပ်ဖ်နေးရှင်းလိဂ်ပွဲစဉ်တွေမှာ စတင်ပြီးတာဝန်ယူရမှာပါ။

ဂျမေကာအသင်းဟာ စက်တင်ဘာထဲမှာ ကျူးဘား၊ ဟွန်ဒူးရပ်စ် အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC