CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀

စပိန်အသင်းခေါင်းဆောင် မိုရာတာနဲ့ ကွင်းလယ်လူ ရိုဒရိတို့ဟာ ယူရို ၂၀၂၄ ချန်ပီယံဆုအတွက် အောင်ပွဲခံ အခမ်းအနားကျင်းပချိန်အတွင်းမှာ ဂျီဘရောလ်တာဟာ စပိန်ဖြစ်တယ်ဆိုပြီး သီဆိုခဲ့မှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။ 

ဂျီဘရောလ်တာ ဘောလုံးအဖွဲ့ချုပ်ဟာ စပိန်အသင်းရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး UEFA ထံတရားဝင်တိုင်ကြားမှု ပြုလုပ်ထားတာပါ။ 

အဲဒါကြောင့် UEFA ဟာ စပိန်ကစားသမား ၂ ဦးရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုဖြစ်နိုင်ဖွယ်အခြေအနေကို အကဲဖြတ်ဖို့ စည်းကမ်းပိုင်းစစ်ဆေးသူကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ 

ဂျီဘရောလ်တာဟာ ၁၈ ရာစုကတည်းက ဗြိတိသျှအုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ စပိန်နိုင်ငံတောင်ဘက်စွန်းရှိ နယ်မြေဖြစ်ခဲ့တာပါ။

 မိုရာတာကို တွေ့ရစဉ်

မိုရာတာနဲ့ ရိုဒရီတို့ဟာ စပိန်ပရိသတ်ထောင်သောင်းချီရှိတဲ့ မက်ဒရစ်မြို့မှာပြုလုပ်ခဲ့တဲ့ ယူရို ၂၀၂၄ ချန်ပီယံဆု အောင်ပွဲခံ အခမ်းအနားမှာ ဂျီဘရောလ်တာက စပိန်ဖြစ်တယ်လို့ သီဆိုခဲ့ပြီး ပရိသတ်တွေကိုပါ သူတို့ရဲ့သီဆိုမှုထဲမှာ ပါဝင်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဂျီဘရောလ်တာဘောလုံးအဖွဲ့ချုပ်ဟာ စပိန်အသင်းရဲ့ဒီအပြုအမူအပေါ် ကျေနပ်ခြင်းမရှိတဲ့အတွက် UEFA ထံ တရားဝင်တိုင်ကြားခဲ့တာပါ။

မိုရာတာနဲ့ ရိုဒရီတို့ဟာ ဒီဖြစ်ရပ်ကြောင့် UEFA ရဲ့ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရဖွယ်ရှိနေပြီး လာမယ့်စက်တင်ဘာမှာ ယှဉ်ပြိုင်မယ့် စပိန်အသင်းရဲ့နေးရှင်းလိဂ်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။ 

ရိုဒရီနဲ့ မိုရာတာတို့ဟာ စပိန်အသင်းကို ယူရိုချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အနားယူနေပြီး မကြာခင်မှာ သူတို့ရဲ့ကလပ်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းရတော့မှာပါ။ 

မိုရာတာဟာ ပြီးခဲ့တဲ့ရက်ကမှ အသလက်တီကိုအသင်းကနေ ထွက်ခွာပြီး အေစီမီလန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Source: BBC