CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း မူတူးက ရော်နယ်ဒိုဟာ ကစားသမားဘဝက အနားမယူခင်မှာ သူ့ရဲ့သားဖြစ်သူ ဂျူနီယာနဲ့အတူ တွဲဖက်ပြီးကစားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

မူတူးက “ဒါက ရော်နယ်ဒိုအတွက် တကယ့်ကို တွန်းအားပါ။ သူဟာ သားဖြစ်သူနဲ့အတူ တရားဝင်ပွဲကို ကစားချင်နေတာကြောင့် ဒါကို သူလက်လျှော့ဦးမှာ မဟုတ်ပါဘူး။ ဒါက အယ်လ်နာဆာအသင်းမှာတော့ ဖြစ်နိုင်ပေမယ့် သူဟာ တခြားအသင်းမှာ ရှိနေရင်တော့ ကျနော် မသိပါဘူး။ ရီးရယ်လ်ဆိုရင် ပိုခက်ခဲပါတယ်။ ဒါပေမယ့် ကစားခဲ့ရင်လည်း အများကြီး ကစားနိုင်မယ်လို့ မထင်ကြောင်း”ပြောခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုနဲ့ အသက် ၁၄ နှစ်အရွယ်ရှိ ဂျူနီယာတို့ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကြီးမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်နေပြီး ဂျူနီယာကတော့ ပြီးခဲ့တဲ့ ရာသီက ဆော်ဒီ ယူ-၁၃ ဖလားရရှိခဲ့တဲ့ လူငယ်အသင်းမှာ ပါဝင်ကစားနေတာပါ။

ဂျူနီယာဟာ အသက် ၁၄ နှစ်သာရှိသေးတာကြောင့် အသင်းကြီး လူစာရင်းထဲ ပါဝင်နိုင်ဖို့ အနည်းဆုံး ၂ နှစ်ခန့် စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

မူတူးကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့သား အကြီးဆုံးဖြစ်သူနဲ့ အသင်းဖော်အဖြစ် ကစားနိုင်ဖို့အတွက် သူ့ရဲ့ ကစားသမားဘဝကို သက်တမ်းရှည်ကြာအောင် ကြိုးစားနိုင်တယ်လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပြီး နောက်ထပ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ ရော်

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း ယူရို ၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် သူ့ရဲ့နိုင်ငံအသင်း အနာဂတ်နဲ့ ပတ်သက် ပြီး မရေရာမှုတွေ ရှိနေတာပါ။

သတင်းတွေမှာတော့ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစား ချင်နေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

Source: Dailymail