CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
မန်ချက်စတာယူနိုက်တက် အသင်းဘုတ်အဖွဲ့က လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့နေရာမှာ ဇီဒန်းကို အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ Metro သတင်းက ဖော်ပြလိုက်ပါတယ်။ဆိုးလ်ရှား ဟာ နိုင်ငံတကာဘောလုံးပွဲစဉ် မတိုင်ခင်ကတည်းက ရလဒ်ဆိုးတွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းနည်းပြရာထူးနဲ့ပတ်သက်ပြီး ဖိအားတွေအများအပြားကျရောက်နေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆) ပွဲမှာ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဆိုးလ်ရှာ ကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေရှိနေကြတာဖြစ်ပါတယ်။ နော်ဝေလူမျိုးနည်းပြနေရာအတွက် မန်ချက်စတာ ယူနိုက်တက်အသင်းက ဘရန်ဒန်ရော်ဂျာ၊ အဲရစ်တန်ဟတ် တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။The Sunday Times ကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့ နေရာမှာ ဇီဒန်းကို ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကိုရယူဖို့ မသေချာပေမယ့် ရီးရဲယ်လ်မှာတုန်းက သူနဲ့ အတူ လက်တွဲခဲ့တဲ့ ရော်နယ်ဒိုနဲ့ဗာရန်းတို့က ပြင်သစ်လူမျိုးကို ၎င်းတို့အသင်းထံလာရောက်နိုင်အောင် ဆွဲဆောင် နိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ဇီဒန်းဟာ ရီးရဲယ်လ် အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ရာသီ အကုန် ထဲက အသင်းလက်မဲ့အဖြစ်ရှိနေတာပါ။ ဇီဒန်းအနေနဲ့ ရီးရဲယ်လ်အသင်းကို (၂)ကြိမ်ကိုင်တွယ်ခဲ့ရာမှာ လာလီဂါ ဖလား(၂) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဇီဒန်း ကတော့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြရာထူးကို ရယူနိုင်ဖို့ အဓိက စိတ်အားထက်သန်နေပေမယ့် နည်းပြ ဒက်ချမ့်ပ်စ် ရှိနေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ခြေ ရှိနေတာ လည်းဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကိုလည်း နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ စဉ်းစားနေတယ်လို့ အင်္ဂလန်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source:metro.co.uk