CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅

ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ဆားဘီးယားကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ဒီပြိုင်ပွဲကို ယှဉ်ကိုယှဉ်ပြိုင်ရမယ်လို့ အာမခံပြောလိုက်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဆားဘီးယားအသင်းကို သရေကျတာနဲ့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် ပလေးအောဖ့် ယှဉ်ပြိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းနည်းပြက ဒီပွဲအရှုံးအတွက် သူတာဝန် အပြည့်အဝ ယူတယ်လို့ ပြောခဲ့ပါတယ်။

ယူရို ၂၀၁၆ ချန်ပီယံဟာ ဦးဆောင်ဂိုး အစောကြီး ရခဲ့ပေမယ့် ချေပဂိုးနဲ့ နောက်ကျ သွင်းဂိုးတွေကြောင့် ကမ္ဘာ့ဖလား ယှဉ်ပြိုင် ခွင့်ရဖို့ ပလေးအောဖ့်ပွဲစဉ်ကို ဆက်လက် ဖြတ်သန်းရတော့မှာပါ။

 

ပုံ-ရော်နယ်ဒို ဆားဘီးယားကို ရှုံးနိမ့်သွားလို့ စိတ်ပျက်နေ။ (American Post)

ဖာနန်ဒိုဆန်းတို့စ်က “ဒီပွဲဟာ ကျနော်တို့ လိုချင်တဲ့အတိုင်း ဖြစ်လာပြီလို့ ထင်ပေမယ့် မဖြစ်လာခဲ့ပါဘူး။ ကျနော်တို့ ဂိုးတွေ သွင်းခဲ့တယ်။ ကနဦး အချိန်တွေလည်း ရှိခဲ့ပါတယ်။ ကစားသမားတွေက ကြိုးစားခဲ့ကြပေမယ့် ပွဲကို အနိုင်ရအောင်တော့ မလုပ်နိုင်ခဲ့ကြပါဘူး”လို့ ပြောပါတယ်။

“အချိန်တိုင်းမှာ ပြဿနာတွေကို ဖန်တီးခဲ့ကြတယ်။ အချိန် အများအပြားမှာလည်း ကျနော်တို့ ကောင်းမွန်အောင် မလုပ် နိုင်ခဲ့ပါဘူး။ ဆားဘီးယားက ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့လည်း ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ရဲ့ DNA က ခြေထောက် ထဲမှာပဲ ဘောလုံးထားပြီး ကစားဖို့ ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက ဘောလုံးလိုချင်နေပေမယ့် သူ တစ်ယောက်တည်းပဲ ရှိပါတယ်။ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေနဲ့ ကစားခဲ့ကြပြီး ဒါက ကျနော့်ရဲ့ တာဝန်ပါပဲ”လို့ သူက ပြောခဲ့ပါတယ်။

ပလေးအောဖ့်အဆင့်နဲ့ပတ်သက်ပြီး မေးခဲ့ရာမှာ ဖာနန်ဒိုဆန်းတို့စ်က “ကျနော်တို့ ကာတာမှာရှိနေမှာပါ။ လုပ်သင့်လုပ်ထိုက် တာကို မလုပ်ခဲ့ပေမယ့် အဲ့ဒီနေရာမှာ ရှိကိုရှိနေရမှာပါ”လို့ ဖြေကြားခဲ့တာပါ။

ဒီအရှုံးရလဒ်ကြောင့် ပေါ်တူဂီအသင်းဟာ မတ်လမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ပလေးအောဖ့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

 

Source:Goal.com