၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅
ပေါ်တူဂီအသင်း တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဆားဘီးယားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် မအောင်မြင်တော့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်စကားပြောလိုက်ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ပွဲအစပိုင်းမှာတင် ရီနာတိုဆန်းချက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တာဒစ်က ချေပဂိုး သွင်း ပြီး မီထရိုဗစ်က ဆားဘီးယားအတွက် မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆားဘီးယား အသင်း က ပေါ်တူဂီကွင်းမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ သရေကျတာနဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရမှာ ဖြစ်ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ ပလေးအောဖ့်အဆင့်ပွဲစဉ်တွေ ဆက်ကစားရတော့မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လကျမှ ယှဉ်ပြိုင်ခွင့် ရ/မရဆိုတာ အဖြေသိရမှာလည်း ဖြစ်ပါတယ်။
ဘာနာဒိုဆေးလ်ဗားကတော့ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ပြောစရာ စကားလုံးမရှိအောင်တောင် ဖြစ်နေပြီး စိတ်ပျက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက “ပေါ်တူဂီအတွက် အလွန်ဆိုးရွားတဲ့ ပွဲပါပဲ။ စောစောစီးစီး ဂိုးရခဲ့ပေမယ့် အဲဒီအချိန် ကစ ပြီး ကျနော်တို့ ကစားတာကို ရပ်တန့်လိုက်ပါတယ်”လို့ ပြောပါတယ်။
ပုံ-ရော်နယ်ဒိုကို အားပေးနေသည့် ဆားဘီးယားကစားသမား (Cracol Radio)
ဒီနောက်မှာ ဘာနာဒိုဆေးလ်ဗားက “ဒီအတွက် ရှင်းပြဖို့ ကြီးမားတဲ့ စကားလုံးတောင် ရှာမတွေ့ခဲ့ပါဘူး။ဒါဟာ ဆိုးဆိုးရွားရွား ပါပဲ။ ကျနော်တို့ဟာ မတ်လမှာ ခြေစစ်ပွဲအောင်ဖို့အတွက် ကစားရတော့မှာဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ အစွမ်းကုန် ကြိုး စားရတော့မှာပါ။ ဒါပေမယ့် အိမ်ကွင်းပရိသတ်ရှေ့မှာ ပိုကောင်းအောင်တော့ လုပ်ရမှာပါ။ ဒီလိုမကြည့်သင့်တဲ့ ပွဲကိုကြည့်ခဲ့တဲ့ ပေါ်တူဂီ ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီ အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရချင်တယ်ဆိုရင် မတ်လမှာ ကစားမယ့် ပလေးအောဖ့် ပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ၁၉၉၈ ခုနှစ်က ဒီလိုပြိုင်ပွဲကြီးတွေမှာ နောက်ဆုံး အကြိမ် ခြေစစ်ပွဲမအောင် မြင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုအတွက်လည်း နောက်ဆုံးယှဉ်ပြိုင်ရနိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မလွဲချော်နိုင်ဖို့အတွက် ရုန်းကန်ရတော့ မှာလည်း ဖြစ်ပါတယ်။
Source: Dailymail.co.uk