CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
ခရိုအေးရှားနဲ့ ရုရှားအသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင်း နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ဒီပွဲမှာ ခရိုအေးရှားအသင်းက ရုရှားအသင်းရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမိတဲ့ ဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ခြေစစ်ပွဲအောင် မြင်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ရုရှားအသင်းဟာ သရေ တစ်မှတ်ရရင် ခြေစစ်ပွဲ တိုက်ရိုက်အောင်မှာဖြစ်လို့ ခရိုအေးရှားအသင်းကို ပွဲစတည်းက ပိတ် ကစားခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားကတော့ အနိုင်ရမှ ခြေစစ်ပွဲ တိုက်ရိုက်အောင်မှာဖြစ်လို့ ပွဲစကတည်းက ဖိကစားပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။
မိုးရွာပြီး ရာသီဥတုလည်း ဆိုးရွားခဲ့တာကြောင့် ကစားရာမှာ အခက်အခဲ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ခရိုအေးရှား အသင်း လိုချင်နေတဲ့ အဖိုးတန်ဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ ခရိုအေးရှားအသင်းရဲ့ တိုက်စစ်ဆင်လာတဲ့ ဘောလုံးကို ဖျက်ထုတ်ရင်း ရုရှားကစားသမားဟာ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပွဲအပြီးမှာ ခရိုအေးရှားအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက်အောင် သွားပြီ ဖြစ်ပါတယ်။ ရုရှားအသင်းကတော့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ပလေးအောဖ့်ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Photos- B/R Football