CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ယူကရိန်းကို ကျူးကျော်မှုကြောင့် နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ ရုရှားရဲ့ အယူခံဝင်မှုကို အားကစား ခုံရုံးက ပယ်ချလိုက်ပါတယ်။
အဲ့ဒါကြောင့် ရုရှားဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ် ပိုလန်ကစားခွင့် မရတော့တာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ဖို့ သူတို့တပ်ဖွဲ့ဝင်တွေကို မီးစိမ်းပြပြီးနောက် ဖီဖာနဲ့ ယူအီးအက်ဖ် အေ(UEFA)တို့ဟာ ရုရှားကို ပြိုင်ပွဲတွေယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ကနဦး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ရုရှား အသင်းဟာ ပိုလန် အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ် ကစားရမှာဖြစ်ပေမယ့် ဒီစီရင်ချက်ကြောင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အားကစားခုံရုံးကို အယူခံဝင်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မရခဲ့လို့ သူတို့ရဲ့ ကြိုးပမ်းမှုကတော့ နောက်ထပ်ကြီးမားတဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ အစောပိုင်းက ဖီဖာဟာ ရုရှားကို နိုင်ငံရဲ့ အလံ၊ သီချင်း မသီဆိုဘဲ RFU နာမည်နဲ့ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပြုခဲ့ပါသေးတယ်။

ရုရှား (AS)

ဒါပေမယ့် ပိုလန်၊ဆွီဒင်နဲ့ ချက် (၃)နိုင်ငံတို့က ရုရှားနဲ့ ကစားမှာ မဟုတ်ဘူးဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါ တယ်။ ပိုလန်အသင်းက သူတို့ဟာ ရုရှားနဲ့ ကစားမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဖီဖာက ရုရှား နိုင်ငံအသင်းတွေကို ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်း ချမှတ်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်ခဲ့တာကြောင့် ပိုလန်အသင်းဟာ အကြိုဗိုလ်လုပွဲ ကစားစရာမလိုတော့ဘဲ ပလေးအော့ဖ် ဗိုလ်လု ပွဲကို တက်နိုင်ခဲ့တာပါ။ ပိုလန် အသင်းဟာ ဆွီဒင်နဲ့ ချက်အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူကရိန်း အသင်းကတော့ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စကော့တလန် ကစားရမယ့် ခြေစစ်ပွဲ ပလေးအော့ဖ် အဆင့်ကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို တောင်းဆိုခဲ့တာပါ။ ဖီဖာကလည်း ခွင့်ပြုခဲ့တာကြောင့် ဒီပွဲကို ဇွန်လမှ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: Goal