CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အိုင်ယာလန် အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ကွင်းအတွင်း ပြေးပြီး ဝင်ရောက်လာတဲ့ လူငယ်အမျိုးသမီးပရိသတ်ကို သူ့ရဲ့ ဂျာစီကို အမှတ်တရ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။
ကွင်းအတွင်း ဝင်ရောက်လာတဲ့ ပရိသတ်ဟာ ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမားထံ ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ လုံခြုံ ရေးတွေက အဆိုပါ လူငယ်အမျိုးသမီးပရိသတ်ကို ကွင်းအတွင်းကနေ ပြန်လည်ဆွဲ ခေါ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက ကြားဝင်ဖြန်းဖြေခဲ့ပြီးနောက် ထိုလူငယ်ပရိသတ်ကို ပျော်ရွှင်စေဖို့အတွက် ပွေ့ဖက်ပြီး သူရဲ့ ဂျာစီကို ပေးခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲရဲ့ နာကျင်အချိန်ပိုမှာ အပိုင်ကန်သွင်းမှု ရရှိခဲ့ပေမယ့် အိုင်ယာလန်အသင်း ဂိုးသမား ဘာဇူနူက ကာကွယ် သွားနိုင်ခဲ့လို့ ပေါ်တူဂီအသင်း သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီးမှာ ပေါ်တူဂီအသင်းရဲ့ ဝါရင့် နောက်ခံလူ ပီပီဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုအတွက်တော့ အခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် ကစားခဲ့တဲ့ ၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးတာ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုဟာ အခုလို မှတ် တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါ တယ်။ ပေါ်တူဂီအသင်းဟာ အိုင်ယာလန်နဲ့ပွဲမှာ သရေကျခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မယ့် အခွင့်အရေးကို နောက်ဆုံးပွဲစဉ်အထိ စောင့်ဆိုင်းရမှာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင်းထိပ်ဆုံးနေရာမှာ ဆားဘီးယား အသင်းနဲ့ ပူးတွဲရပ်တည်နေတာဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ ကစားရမှာပါ။ ဒါကြောင့် ပေါ်တူဂီအသင်းအနေနဲ့ လစ္စဘွန်းမှာ ကစားမယ့် ဒီပွဲစဉ်မှာ အရေး မနိမ့်ခဲ့ဘူးဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားမှာလည်း ဖြစ်ပါတယ်။