CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဘတ်ပီဟာ ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်ပေမယ့် အန်ဆုဖာတီက သူနဲ့ တန်းတူမဟုတ်ရင်တောင် ပိုကောင်းတယ်လို့ လာလီဂါဥက္ကဋ္ဌ တီဘတ်စ်က ပြောလိုက်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် အန်ဆုဖာတီဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဘာစီလိုနာအသင်းကြီးမှာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ အန်ဆုဖာတီဟာ ၂၀၁၉ ခုနှစ်က ဘာစီလိုနာ အသင်းကြီးအတွက် စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ အသက်အငယ်ဆုံးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။
ဘတ်ပီကလည်း စံချိန်တွေကို ချိုးဖျက်တဲ့သူဖြစ်ပြီး မတ်လက အသက် ၂၂ နှစ်ပြည့်ပြီး ၉၂ ရက်မှာပဲ လီဂူးဝမ်းပြိုင်ပွဲမှာ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ဘတ်ပီရဲ့ ဖွံဖြိုးတိုးတက်မှုဟာ အန်ဆုဖာတီထက် ပိုမိုကောင်းမွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ မိုနာကိုအသင်းနဲ့အတူ အောင်မြင်မှုတွေရယူပြီး ၂ နှစ်အကြာမှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ပုံ-တီဘတ်စ်ကိုတွေ့ရစဉ် (Dalkeyga)
ဘတ်ပီရဲ့ ခြေစွမ်းကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အသင်း အများအပြားက သူ့ကို လိုချင်နေကြတာပါ။ ဒါပေမယ့် လာလီဂါဥက္ကဋ္ဌ ဖြစ်သူ တီဘတ်စ်ကတော့ ဘတ်ပီဟာ အန်ဆုဖာတီထက် ပိုပြီး ကောင်းမှာမဟုတ်ဘူးလို့ ငြင်းဆိုထားတာ ဖြစ်ပါတယ်။
တီဘတ်စ်က “ကျနော်တို့ဟာ စပိန်ပြင်ပမှာရှိတဲ့ အရာတွေကို ပိုပြီး တန်ဖိုးတွေ ပေးချင်နေကြပါတယ်။ အန်ဆုဖာတီဟာ ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့ အန်ဆုဖာတီဟာ ဘတ်ပီနဲ့ တန်းတူ မဟုတ်ရင်တောင် ပိုကောင်းတယ်ဆိုတာကို ပြသထားပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
အန်ဆုဖာတီဟာ နွေရာသီတုန်းက အသင်းကနေ ထွက်ခွာသွားတဲ့ မက်ဆီရဲ့ ကျောနံပတ် ၁၀ ဂျာစီကို ဝတ်ဆင်ခဲ့ပြီး အသင်းနဲ့ ကာလရှည်ကြာ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ အန်ဆုဖာတီဟာ မကြာသေးခင်ကမှ ဘာစီလိုနာအတွက် ပြန် ကစားပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘတ်ပီကတော့ ပီအက်စ်ဂျီအတွက် ၉၇ ပွဲမှာ ၇၇ ဂိုးသွင်းယူ ပေးထားတာဖြစ်ပါတယ်။
Source:en.as.com