CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆

ဖီယင်နုအသင်းနည်းပြ အာနီဆလော့က ဒီရာသီအကုန်မှာ ထွက်ခွာမယ့် ကလော့ပ်နေရာမှာ အစားထိုး ဝင်ရောက်ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ချင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အာနီဆလော့က “ကျနော် လီဗာပူးလ်အသင်းကို ကိုင်တွယ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကလပ် အသင်း ၂ သင်း ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေတာကြောင့် အခန်းထဲမှာထိုင်ပြီး ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ စောင့်ဆိုင်းနေပါတယ်။ ကျနော်ကတော့ ကလပ်အသင်း ၂ ကြား သဘောတူညီမှု ရယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိ ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ဖီယင်နု အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာနီဆလော့ဟာ ပြီးခဲ့တဲ့ရာသီက ဖီယင်နုအသင်းကို ဒတ်ချ်အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သလို ဒီရာသီမှာ ပြည်တွင်းဖလား ရယူပေးနိုင်ခဲ့တာပါ။ 

ဒတ်ချ်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းရဲ့ ချဉ်းကပ်မှုခံခဲ့ရပေမယ့် ပယ်ချပြီး ဖီယင်နုအသင်းနဲ့ ၃ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

အာနီဆာလော့ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ အာနီဆလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ဖီယင်နုအသင်းကို လျော်ကြေး ငွေပေါင် ၉ သန်း ပေးချေရဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

အာနီဆလော့ကတော့ အသင်းနှစ်သင်းကြား အမြန်ဆုံး သဘောတူညီမှုရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အာနီဆလော့ရဲ့ စတိုင်နဲ့ အတွေးအခေါ်က အသင်းကို ကိုင်တွယ်ဖို့ အဆင်ပြေလိမ့်မယ်လို့ အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လေဗာကူဆင် အသင်းနည်းပြ ဇာဘီအလွန်ဆိုနဲ့ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အေမိုရင်မ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အာနီဆလော့ကို ခန့်အပ်နိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်နေတာပါ။

အာနီဆလော့ရဲ့ ဖီယင်နုအသင်းဟာ ဒီရာသီ ဒတ်ချ်အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို မကာကွယ်နိုင်တော့ ပေမယ့် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Source: ESPN