CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းအတွက် မမေ့နိုင်တဲ့ ရက်သတ္တပတ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော်တို့ဟာ အခြေအနေတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အနောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်ခဲ့ပြီး အသင်းအတွက် မမေ့နိုင်တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ဟာ နောက်ဆုံး ၂ ပွဲကို အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး အခုဆိုရင် လာလီဂါ ဖလားရဖို့ နီးစပ်လာပါပြီ”လို့ ပြောပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီရာသီ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာပါ။ 

 ရီးရယ်လ်နဲ့ ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်

အခု ဘာစီလိုနာ အသင်းကိုပါ ထပ်ပြီး အနိုင်ယူခဲ့တာကြောင့် ရီးရယ်လ်အသင်းအတွက် မမေ့နိုင်တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ရပါတယ်။

ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ စပိန်လာလီဂါ ပွဲစဉ်ပြီးဆုံးဖို့ ၆ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဘာစီလိုနာအသင်းကို ရမှတ် ၁၁ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ 

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ဒီရာသီ စပိန်လာလီဂါ ဆုဖလားကို ရယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာ အသင်းက ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: besoccer