CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၇

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ယူနိုက်တက်အသင်းကို ပြဿနာဖြစ်စေမယ့် နည်းလမ်း ရှာဖွေရမယ်လို့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ကလော့ပ်က “ဘောလုံးက သိပ်ပြီး မလွယ်ကူတာကြောင့် ယူနိုက်တက်ကို ပြဿနာဖြစ်စေမယ့် နည်းလမ်းကို ကျနော်တို့ ရှာဖွေရပါမယ်။ သူတို့လည်း ဒီလိုပဲလုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ တစ်ခုခု ရယူချင်တယ်ဆိုရင်တော့ ကျနော်တို့ ပိုပြီးကောင်းမွန်အောင် ကစားရမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ ရှက်ဖီးယူနိုက်တက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အကောင်းဆုံးပုံစံကို ဆက်ပြီး ပြသနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြီးခဲ့တဲ့လက FA ဖလား ကွာတားဖိုင်နယ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တုန်းက ယူနိုက်တက်အသင်းက အချိန်ပိုမှာ ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

ကလော့ပ်နဲ့ လီဗာပူးလ်ကစားသမားတွေကို တွေ့ရစဉ်

ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းဟာ ဒီရာသီ ဆုဖလား ၄ လုံး ရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ကစားမယ့်ပွဲမှာ ယူနိုက်တက်အသင်းကို ပြဿနာဖြစ်အောင်လုပ်ဖို့ ကလော့ပ်က စဉ်းစားနေတာပါ။ 

လီဗာပူးလ်အသင်းဟာ ကလော့ပ်လက်ထက် ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းကို လာရောက်ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေကျထားပါတယ်။

ပြီးခဲ့တဲ့ အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Source: besoccer