CNI Sport News
၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၆
လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဖာမီနိုဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၄ ပတ်ကျော်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိ ဖာမီနိုဟာ အသလက်တီကို အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဆိုပါ ဒဏ်ရာ ပြသနာကို ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဘရာဇီးလ် ကစားသမားဟာ ဒီရာသီ လီဗာပူးလ် အသင်းအတွက် ပရီးမီးယားလိဂ် ၈ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတာလည်း ဖြစ်ပါတယ်။
လီဗာပူးလ် အသင်းနည်းပြ ကလောပ့်ကတော့ ဖာမီနိုကို ဆုံးရှုံးရတာဟာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ ဖာမီနို၊ ဆာလတ်နဲ့ မာနေးတို့ အတွဲဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူရာမှာ အဓိက ခြေစွမ်းပြသနိုင်တဲ့ သူလည်းဖြစ်ပါတယ်။
ပုံ-ဖာမီနို အသလက်တီကိုအသင်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရသွားစဉ်။ (Switzweland TimesBetter)
လီဗာပူးလ် အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ကာတစ်ဂျုံးစ်နဲ့ နောက်ခံလူ ဂျိုဂိုးမတ်ဇ် တို့ကလည်း တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြက ပြောထားပါတယ်။
ကလောပ့်က “ကျနော်တို့ စကားတွေ ပြောနေကြတုန်းပါပဲ၊ ဖာမီနိုဟာ ဒဏ်ရာကြောင့် ၄ ပတ်ကျော်လောက် အနားယူ ရပါ လိမ့်မယ်။ သူ့ရဲဒဏ်ရာက ပြင်းထန်တယ်လို့ ထင်ပါတယ်။ ကာတစ်ကတော့ ဖာမီနိုနဲ့ လုံးဝမတူညီတဲ့ အခြေအနေပါ။ သူဟာ လေ့ကျင့်ရေးကွင်းမှာ ကံမကောင်းခဲ့ပါဘူး။ သူ့မျက်လုံးကို သွားပြီး ကုတ်ခြစ်မိလိုက်ပါတယ်။ သူဟာ ပြန်လာနိုင်မယ်ဆိုပေ မယ့် ဘယ်လောက် ကြာဦးမလဲဆိုတာတော့ အတိအကျ ကြည့်ရပါဦးမယ်။ နိုင်ငံတကာ ပွဲပြီးရင်တော့ သူပြန်လာနိုင်မယ် ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။
“ဂိုးမတ်စ် အနေနဲ့လည်း နိုင်ငံတကာ ပွဲအပြီးမှာ ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံး က ချယ်လ်ဆီး အသင်းနဲ့ ၃ မှတ် ကွာဟနေတာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။