CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၈

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ YouTuber စတား အဖြစ်ကနေ လက်ဝှေ့သမားဘဝကို ကူးပြောင်းခဲ့တဲ့ ဂျိတ်ပေါလ်တို့ဟာ ဇူလိုင် ၂၀ ရက် AT&T Stadium မှာ Netflix က တိုက်ရိုက်ထုတ်လွှင့်မယ့် လက်ဝှေ့ပွဲအဖြစ် ထိုးသတ်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ပါတယ်။

ဒီပွဲကို ပရော်ဖက်ရှင်နယ် လက်ဝှေ့စည်းမျဉ်းတွေနဲ့ ကျင်းပသွားမလား ဒါမှမဟုတ် သရုပ်ပြပွဲအဖြစ် ထိုးသတ်သွား မလားဆိုတာတော့ အတည်ပြုရခြင်း မရှိသေးပါဘူး။ 

၂၀၀၅ ခုနှစ်က ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘဝကနေ အနားယူခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါလ်တို့ဟာ အသက် ၃၀ နှစ် ကွာဟပါတယ်။ 

မိုက်တိုင်ဆန်ဟာ ၂၀၂၀ ခုနှစ်မှာ လက်ဝှေ့အကျော်အမော် ရွိုင်ဂျုံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ဖို့ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရောက်လာခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ ဂျိတ်ပေါလ်က မိုက်တိုင်ဆန်နဲ့ ထိုးသတ်ရမယ့် အံ့သြစရာကောင်းတဲ့ ထိုးသတ်ပွဲအတွက် ဒီထက်ပိုပြီး စိတ်မလှုပ်ရှားနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဂျိတ်ပေါလ်နဲ့ မိုက်တိုင်ဆန်ကို တွေ့ရစဉ်

ဂျိတ်ပေါလ်က “ကျနော့်ရဲ့ ရည်မှန်းချက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ဖြစ်ပြီး  ကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ၊ ကမ္ဘာပေါ်မှာအဆိုးဆုံး နဲ့ အန္တရာယ်အရှိဆုံး လက်ဝှေ့သမားနဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ ဒါကို သက်သေပြဖို့ အခွင့်အရေးရပါပြီ။ ဒါက တစ်ဘဝလုံးအတွက် တိုက်ပွဲဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
မိုက်တိုက်ဆန်ကတော့ ဂျိတ်ပေါလ်နဲ့အတူ လက်ဝှေ့ကြိုးဝိုင်းထဲကို ဝင်ရမယ့်ခြေလှမ်းကို အလွန်မျှော်လင့် နေတယ်လို့ ပြောခဲ့ပါတယ်။

မိုက်တိုင်ဆန်က “သူဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ လက်ဝှေ့သမားအဖြစ် သိသိသာသာ ကြီးထွားလာခဲ့ ပါတယ်။ ဒီပွဲဟာ စောင့်ကြည့်ဖို့အတွက် ရင်ခုန်စရာ ကောင်းမယ့်ပွဲဖြစ်ပြီး သူနဲ့ လက်ဝှေ့ကြိုးဝိုင်းထဲကို ဝင်ရောက် နိုင်ဖို့ မျှော်လင့်နေပါတယ်။ ရွိုင်ဂျုံးစ်နဲ့ စတင်ခဲ့တဲ့ ဒီခရီးစဉ်ကို ဂျိတ်ပေါလ်နဲ့ အဆုံးသတ်ဖို့ စီစဉ်ထားပါတယ်”လို့ ပြောခဲ့တာပါ။

ဂျိတ်ပေါလ်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၁၀ ပွဲ ထိုးသတ်ထားပြီး ၉ ပွဲအနိုင်ရကာ ၁ ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: Metro