CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ပါဝင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဟော့ဂျ်လန်းဟာ ကြွက်သားဒဏ်ရာကြောင့် ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး မပါဝင် နိုင်ခဲ့တာဖြစ်ပြီး အသင်းကလည်း သူမပါဝင်ခဲ့တဲ့ ဖူလ်ဟမ်၊ မန်စီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ဖေဖော်ဝါရီ ၂၃ ရက်က ယူနိုက်တက်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဟော့ဂျ်လန်းဟာ ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမယ်လို့ ဖော်ပြခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်က ကစားသမားဟာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တာလို့ ပြောခဲ့ပါတယ်။

အဲဒါကြောင့် ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယား  လိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ပါဝင်လာနိုင်တာပါ။ 

ဒါပေမယ့် ကြံ့ခိုင်မှု အပြည့်အဝရမှ ပါဝင်နိုင်မယ်ဆိုရင်တော့ ဟော့ဂျ်လန်းဟာ မတ် ၁၇ ရက်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ FA ဖလားကွာတားဖိုင်နယ် ပွဲစဉ်မှသာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းကို တွေ့ရစဉ်

ဟော့ဂျ်လန်းဟာ ဒဏ်ရာကြောင့် အနားမယူခင်မှာ အကောင်းဆုံးပုံစံ တစ်ခုရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၇ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဟော့ဂျ်လန်းဟာ ဖေဖော်ဝါရီ ၁၈ ရက်က လူတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း အတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်း မပါဝင်နိုင်တဲ့အချိန် ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ ရပြီး ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဖြုန်းတီး နေခဲ့တာပါ။ 

ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးရဖို့ ဘောက်ဆင်ဒေးပွဲစဉ်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။

ဟော့ဂျ်လန်းဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူကာ ၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။ 

Source: Sportsmole