CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

မန်ချက်စတာယူနိုက်တက် အသင်းကနေ ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံခဲ့တဲ့ အချိန်တုန်းက ငိုကြွေးနေခဲ့တယ်လို့ ဖယ်လိုင်နီက ထုတ်ပြောလာခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြတာဝန်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဖယ်လိုင်နီဟာလည်း ‌သူ့ရဲ့ဆရာဟောင်းနောက်ကို အဲဗာတန် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။

ဖယ်လိုင်နီဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်က အဲဗာတန် အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၂၇ သန်းနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ မကြာခဏဆိုသလို ဝေဖန်မှုတွေခံခဲ့ရပြီး ၁၀ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ပါ။ ဒေးဗစ်မိုယက်စ်ဟာ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းအသင်းကို အထင်ကြီးလောက်အောင် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ပုံ-မန်ယူအသင်းမှာ ကစားခဲ့စဉ်က ဖယ်လိုင်နီကိုတွေ့ရစဉ်။

ဖယ်လိုင်နီကတော့ စကော့လူမျိုးနည်းပြဟာ အိုးထရက်ဖိုဒ့်မှာ အချိန်အကြာကြီး ဆက်ရှိနေမယ်လို့ ခံစားရကြောင်း ဝန်ခံခဲ့ တာ ဖြစ်ပါတယ်။

ဖယ်လိုင်နီက “သူ အလုပ်ထုတ်ခံရတဲ့ အချိန်တုန်းက သူ့အတွက် ကျနော် ဝမ်းနည်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ ဘယ် လောက် အောင်မြင်မှုတွေ ရယူချင်လဲဆိုတာကို ကျနော်သိလို့ပါ။ အဲဗာတန်မှာရှိတဲ့ ကစားသမားအားလုံးကို မိုယက်စ်ကို ဘယ်လို ထင်လဲလို့မေးရင် သူဘယ်လောက် ကောင်းမွန်လဲဆိုတာကို သူတို့ ပြောလိမ့်မယ်”လို့ ဆိုပါတယ်။

“အစတည်းက ပြောပြီးပါပြီ မိုယက်စ်ကို အချိန်ပေးရင် သူဟာ ကောင်းမွန်တဲ့ အသင်းဖြစ်အောင် လုပ်ပြပါလိမ့်မယ်။ ဒီရာသီ ဝက်စ်ဟမ်းရဲ့ပွဲကို အနည်းငယ်ပဲ ကြည့်ခဲ့ပေမယ့် သူတို့ဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းဆိုတာ သိသာပါတယ်။ ရိုးရိုး သား သား ဝန်ခံရရင် မိုယက်စ် ထုတ်ခံရတုန်းက ကျနော် ငိုကြွေးခဲ့ပါတယ်။ သူအကြာကြီး ဆက်ရှိမယ်လို့ ထင်ခဲ့တာပါ။ သူ့ကို ကံကောင်းပါစေလို့ သွားပြီး နှုတ်ဆက်ခဲ့ပေမယ့် ဒါဟာ ကျနော့်အတွက် ခက်ခဲတဲ့ အချိန်ဖြစ်ခဲ့ပါတယ်”လို့ The Athletic နဲ့ အင်တာဗျုးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဖယ်လိုင်နီကတော့ ဒီအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပြီးမှ တရုတ်ကလပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။