CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄
ရီးရယ်လ်အသင်းဟာ ရှက်တာဒိုးနတ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀၀ ပြည့်မြောက် သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရယ်လ် အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ်အတွက် ၂ ဂိုးလုံးကို တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ သွင်းယူခဲ့တဲ့ ၂ ဂိုးလုံးကို တောင်ပံကစားသမားဖြစ်သူ ဗီနီစီးယက်စ်က ဖန်တီး ပေးခဲ့တာ လည်း ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၀၀၀ ပြည့်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ တာပါ။ ဘန်ဇီမာ ဟာလည်း သွင်းဂိုး ၁၀၀၀ ပြည့် သွင်းဂိုးကို သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘန်ဇီမာနဲ့ ဗီနီစီးယက်စ်တို့ အတွဲဟာ ဒီရာသီမှာ အတွဲအဖက် ညီခဲ့ကြပါတယ်။ ရီးရယ်လ် အသင်းရဲ့ သွင်းဂိုး အများအပြား ဟာ သူတို့နှစ်ဉီးရဲ့ အတွဲအဖက် ညီညီကစားခဲ့တာကနေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပုံ-ရာပြည့်ဂိုးများသွင်းခဲ့သူများ၏ မှတ်တမ်းများကိုတွေ့ရစဉ်။
ဥရောပသွင်းဂိုး ၁၀၀၀ ပြည့်ခဲ့တဲ့ ရီးရယ်လ်အတွက် ပထမဆုံး သွင်းဂိုးကိုတော့ မူနို့စ်က သွင်းယူခဲ့ပြီး ၁၀၀ မြောက်ဂိုးကို ဒီစတီဖာနိုက လည်းကောင်း ၂၀၀ မြောက်ဂိုးကို ပွတ်စ်ကတ်စ်က လည်းကောင်း၊ ၃၀၀ မြောက်ဂိုးကို ဂျန်ဆန်က လည်း ကောင်း ၊ ၄၀၀ မြောက်ဂိုးကို လိုဆာဒါက လည်းကောင်း၊ ၅၀၀ မြောက်ဂိုးကို ဂူတီကလည်းကောင်း အသီးသီး သွင်းယူခဲ့ ကြတာ ဖြစ်ပါ တယ်။
၆၀၀ မြောက်ဂိုးကို ဒေးဗစ်ဘက်ခမ်း၊ ၇၀၀ မြောက်ဂိုးကို ဟီဂူအင်၊ ၈၀၀ နဲ့ ၉၀၀ မြောက်ဂိုးကို စီရော်နယ်ဒိုနဲ့ အခု ၁၀၀၀ မြောက်ဂိုးကို ဘန်ဇီမာက သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၃ ကြိမ် ဗိုလ်စွဲထားပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ရီးရယ်လ် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဥ် ၄ ပွဲ ကစားအပြီးမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်နိုင် ခဲ့ပြီး စပိန်လာလီဂါပြိုင်ပွဲမှာတော့ တစ်ပွဲလျော့နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။