CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့တဲ့ Riyadh Season Cup ခြေစမ်းပွဲအဖြစ် အယ်လ်နာဆာနဲ့ အင်တာမိုင်ယာမီအသင်းတို့ ကစားခဲ့တာမှာ အယ်လ်နာဆာအသင်းက ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ Last Dance ပွဲစဉ်အဖြစ် သတ်မှတ်ထားတဲ့ ဒီပွဲမှာ ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲကြည့်စင်ပေါ်ကနေသာ အယ်လ်နာဆာအသင်းကို အားပေးခဲ့ပါတယ်။

မက်ဆီကလည်း အင်တာမိုင်ယာမီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ဘဲ ပွဲချိန် ၈၃ မိနစ်မှ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ ဒီပွဲမှာ ပွဲကစားချိန် ၇ မိနစ်သာ ကစားခဲ့ရတဲ့အတွက် အင်တာမိုင်ယာမီအသင်းကို ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အယ်လ်နာဆာအသင်းအတွက် ဂိုးတွေကို တာလီစကာက ဟက်ထရစ်၊ အော်တာဗီယို၊ လာပေါ့တ်နဲ့ မာရန်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမတိုင် ဆော်ဒီမှာပဲ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အယ်လ်ဟီလယ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ် မေဂျာလိဂ်ရာသီသစ် မစတင်ခင် ခြေစမ်းပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်နေ တာဖြစ်ပြီး ၄ ပွဲ ကစားထားတာမှာ ၁ ပွဲသရေ ၃ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ အယ်လ်နာဆာ အသင်းနဲ့ပွဲအပြီးမှာ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံကို သွားရောက်ကာ ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားတာပါ။ 

အယ်လ်နာဆာအသင်းကတော့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပြန်မစခင်မှာ စခန်းသွင်း လေ့ကျင့်ကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ မကြာသေးခင်က ရော်နယ်ဒိုရဲ့ ဒဏ်ရာကြောင့် တရုတ်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါသေး တယ်။

ရော်နယ်ဒိုကတော့ ဒဏ်ရာကြောင့် တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မယ်လို့ အယ်လ်နာဆာအသင်းနည်းပြ လူးဝစ်ကတ်စထရိုက အင်တာမိုင်ယာမီအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောကြားခဲ့ပါတယ်။

Source: BBC