CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

အေစီမီလန်အသင်းနောက်ခံလူ ဖလော်ရန်ဇီဟာ တရားမဝင်လောင်းကစားမှုပြုလုပ်ခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှု တွေခံနေရတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က အီတလီကစားသမားတွေဖြစ်တဲ့ တိုနယ်လီနဲ့ ဖာဂီယိုလီတို့ တရားမဝင်လောင်းကစားမှုနဲ့ ပွဲကစားခွင့်ပိတ်ပင်ခံရပြီးနောက် ဖလော်ရန်ဇီကပါ စုံစမ်းစစ်ဆေးမှုတွေခံနေရတာဖြစ်ပါတယ်။ နယူးကာဆယ် အသင်းကွင်းလယ်လူ တိုနယ်လီနဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ဖာဂီယိုလီတို့ဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၁၀ လနဲ့ ၇ လ ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတာပါ။ 

ဖလော်ရန်ဇီကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ အီတလီအစိုးရရှေ့နေတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ဖလော်ရန်ဇီဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲအထိ ပါဝင်ကစားထားတာပါ။ ဖလော်ရန်ဇီဟာ အေစီမီလန်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ် သက်တမ်းကျန်ရှိနေသေးပြီး အီတလီလက်ရွေးစင်အသင်းအတွက် ၄၉ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။ 

ဖလော်ရန်ဇီဟာ အေစီမီလန်အသင်းကို ၂၀၂၁ ခုနှစ်က အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်တစ်နှစ် အကြာမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့ကာ လက်ရှိအချိန်ထိ ပွဲပေါင်း ၄၉ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူ ထားတာပါ။ ဖလော်ရန်ဇီအနေနဲ့ တရားမဝင်လောင်းကစားမှုပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် တိုနယ်လီနဲ့ ဖာဂီယိုလီတို့လို ပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဖလော်ရန်ဇီကတော့ စုံစမ်းစစ်ဆေးမှုမှာ ရလဒ်ကောင်းထွက်ပေါ်နိုင်ဖို့ မျှော်လင့်နေပြီး နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၅ ရက်မှာ ကစားမယ့် ဖီအိုရင်တီးနားအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပါဝင် ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Source:Goal