CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀

အင်္ဂလန်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပြီးနောက် အသင်းပရိတ်သတ်တွေရဲ့ အားပေးမှုကို ချီးကျူးသွားခဲ့ပါတယ်။

ဘယ်လင်ဂမ်က “ပရိသတ်တွေနဲ့ ဆက်ဆံရေးက အလွန်ထူးခြားပြီး သူတို့အတွက် ကစားရတာကို ဝမ်းသာပါ တယ်။ သူတို့တွေရဲ့ သီဆိုမှုတွေနဲ့ အော်ဟစ်သံတွေကို ကြားရတာနှစ်သက်ပြီး သူတို့တွေက ခွန်အားတွေ အများ ကြီးပေးပါတယ်။ ကျနော်ပုံစံကောင်းတွေနဲ့ စတင်ခဲ့တာကလည်း ဒီအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကျနော် တို့ အတူတကွ အမှတ်တရ ကောင်းတွေကို ဆက်ပြီးဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ကလပ်ရဲ့ မီဒီယာကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ယူရို ၁၀၃ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်း အတွက် ကစားထားတဲ့ ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ 

ဘယ်လင်ဂမ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်ဟာ ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးရယ်လ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။ 

ဘယ်လင်ဂမ်က သူ ဒီလိုခြေစွမ်းပြသနိုင်ခဲ့တာဟာ အသင်းပရိသတ်တွေရဲ့ သက်ရောက်မှုကြောင့်လို့ ဆုယူအပြီး မှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဘယ်လင်ဂမ်က ဘာနေဗျူးမှာ ကစားရတာကို အလွန်နှစ်သက်ပြီး သူ့ရဲ့ အိပ်မက် အမှန်တကယ် ဖြစ်ခဲ့တယ်လို့ ထပ်ပြီးပြောခဲ့ပါတယ်။

ဘယ်လင်ဂမ်က “ဒီအိပ်မက်က အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဒီမှာကစားရတာက ကျနော်တွေးထားတာ ထက်ကို ပိုပြီးကောင်းပါတယ်။ လေ့ကျင့်ရေးနဲ့ ပွဲကစားချိန်တွေမှာလည်း အချိန်တိုင်းပျော်ရွှင်နေပြီး ဒီအတိုင်း ဆက်ရှိနေဖို့လည်း မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။

ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းဟာ အောက်တိုဘာ ၂၁ ရက်မှာ ဆီဗီလာအသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းဘရာဂါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal