CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆

ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်း ရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် ဒီမှာရှိရတာ အလွန်ပျော်ရွှင်တယ်လို့ ပြောသွားခဲ့ပါ တယ်။

ဂရင်းဝုဒ်က “ဒီမှာရှိရတာ အလွန်ပျော်ရွှင်ပါတယ်။ ကျနော် ၄ ၊၅ လလောက် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အရှိန်ရလာခဲ့ ပါတယ်။ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ လုပ်နေရတဲ့အတွက် အလွန်ကောင်းပါတယ်။ ကျနော်တို့ရဲ့ အိမ်ကွင်း ပွဲစဉ်ကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရောက်ရှိတော့မှာဖြစ်ပြီး ကျနော်တို့ နိုင်ပွဲတွေ ရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောခဲပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှား စာချုပ်နဲ့ ဂီတာဖေးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ကို ပရိသတ်တွေ ကြိုဆိုနေကြစဉ်

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခွင့်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေခဲ့တာပါ။

ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်အတွက် ယူနိုက်တက်အသင်းကို အငှားခေါ်ယူကြေး ပေးချေစရာမလိုသလို လုပ်ခ လစာ အနည်းငယ်သာ ပေးရမှာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ ပရိသတ်တွေက “ငါတို့မင်းကို ချစ်တယ်”ဆိုပြီး အော်ဟစ်အားပေးမှုကို ရရှိခဲ့တာပါ။

ဂီတာဖေးအသင်း ပရိသတ်တွေဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဂရင်းဝုဒ်နာမည်နဲ့ နံပါတ်ပါ အင်္ကျီတွေ ကို ဝတ်ဆင်ခဲ့ကြသလို ပရိသတ်အချို့ကလည်း ဂရင်းဝုဒ်ဆီကနေ အင်္ကျီတောင်းဆိုတဲ့ စာသားပါ စာတန်းတွေကို ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။ 

ဂီတာဖေးအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ စပိန်လာလီဂါ ပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲမှာ ဂရင်းဝုဒ် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Source: BBC