CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ 

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ကျင်းပနေတဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ အမေရိကန် တင်းနစ်သမား တေလာဖရစ်ဇ်ကို အနိုင်ယူပြီး ဂရမ်းဆလမ်း ဆီမီးဖိုင်နယ်ကို စံချိန်တင် ၄၇ ကြိမ်မြောက်အဖြစ် ရောက်ရှိခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်း ကွာတားဖိုင်နယ်ပွဲမှာ တေလာဖရစ်ဇ်ကို ၆-၁၊ ၆-၄၊ ၆-၄ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တာပါ။ 

ဂျိုကိုဗစ်အတွက်တော့ ဒီပွဲအနိုင်ရခဲ့လို့ ဂရမ်းစလမ်းဆုဖလားကို ၂၄ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်ချက်က လည်း နီးစပ်လာခဲ့ပါတယ်။ 

ဆားဘီးယား တင်းနစ်သမားဟာ ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်သမား ဘန်ရှီလ်တန်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘန်ရှီလ်တန်ဟာ ကွာတားဖိုင်နယ်မှာ နိုင်ငံအသင်းဖော် တီယာဖိုးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ နှစ်အရွယ်ရှိ ဘန်ရှီလ်တန်ဟာ ကစားသမားဘဝ ပထမဆုံး ဂရမ်းဆလမ်း ဆီမီးဖိုင်နယ်အဖြစ် ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရတော့မှာပါ။

ဂျိုကိုဗစ်ကို တွေ့ရစဉ်

အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ စံချိန်မှတ်တမ်းကောင်းကို ဆက်ထိန်း ထားနိုင်ခဲ့ပြီး နောက်ထပ် ၂ ပွဲ အနိုင်ရခဲ့ရင် တစ်ဦးချင်း ဂရမ်းဆလမ်း အများဆုံးရ ကစားသမားအဖြစ် စံချိန်တင် ထားတဲ့ မာဂရတ်ကော့တ်ရဲ့ အရေအတွက်နဲ့ တူညီသွားတော့မှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ဒါဟာ ကျနော့်ဘဝအတွက် အများကြီးပေးခဲ့တဲ့ အားကစားနည်းပါ။ ကျနော်ဟာ စစ်ဘေးဒဏ်နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဒုက္ခတွေလည်း အများကြီး ကြုံတွေ့ခဲ့ရတာပါ။ တက်သိနားလည်ပြီး စိတ်အားထက်သန်တဲ့ သူတွေနဲ့ ကြုံတွေ့ရတာက ကျနော့်အတွက် ကံကောင်းခဲ့ပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုတွေ၊ မိဘတွေနဲ့ အနစ်နာခံမှုတွေ မရှိရင်တော့ ကျနော် ဒီနေရာမှာတောင် ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမှတ်တမ်းတွေကို ကြားရတဲ့အချိန်မှာ ဒီအရာတွေက ကျနော့်ခေါင်းထဲရောက်နေတဲ့ ရှည်လျားတဲ့ အဖြေပါ”လို့ ပြောခဲ့တာပါ။

ဂျိုကိုဗစ်နဲ့ ဘန်ရှိလ်တန်တို့ပွဲစဉ်က အနိုင်ရတဲ့သူဟာ အယ်လ်ကာရတ်ဇ်၊ ရူဘလက်ဗ်၊ဇက်ဗာရက်ဗ်နဲ့ မက်ဗီဒက်ဗ် တို့ ၄ ဦးထဲက ၁ ဦးနဲ့ အမေရိကန်အိုးပန်း ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။