CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

အင်တာမိုင်ယာမီအသင်းက လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မက်ဆီဟာ ရေဘူးနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။

လော့စ်အိန်ဂျလိစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၂ ဂိုး ဖန်တီးပေးနိုင် ခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ ကိုယ်ရံတော်နဲ့အတူ BMO အားကစားကွင်းကနေ လမ်းလျှောက်ထွက်လာချိန် ရေဘူးနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။ 

မက်ဆီဟာ ရေဘူးထိမှန်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ကိုယ်ရံတော်ဟာ ဒီအဖြစ်အပျက်ကို ထိတ်လန့်သွားခဲ့ပြီး ကစားသမားကို အမြန်ဆုံးဥမင်ထဲ ဝင်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီဖြစ်ရပ်မတိုင်ခင် ပွဲချိန် ၇၃ မိနစ်မှာ ကွင်းထဲဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးရဲ့ ပွေ့ဖက်ခြင်း ခံခဲ့ရတာပါ။ 

ဒါပေမယ့် မက်ဆီရဲ့ ကိုယ်ရံတော်ဟာ သူ့ကစားသမားကို ကာကွယ်ဖို့ ကွင်းထဲရောက်ရှိလာခဲ့ပြီး ပရိသတ်ကို အားကစားကွင်း လုံခြုံရေးထံ အပ်ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီကတော့ ဒီအဖြစ်အပျက်အပေါ် အာရုံစိုက်မနေခဲ့ဘဲ ပွဲချိန် ၈၃ မိနစ်မှာ အသင်းဖော် ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာပါ။

 မက်ဆီကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ရောက်ရှိလာပြီးကတည်းက ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထား နိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ဂိုး ပြုလုပ် ထားတာပါ။ 

အင်တာမိုင်ယာမီ အသင်းဟာ လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် မေဂျာလိဂ်ဖလား ပလေးအော့ဖ် အဆင့် ဝင်ခွင့်နေရာက အသင်းနဲ့ ၈ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် စပို့တင်းကန်ဆပ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ မက်ဆီ မပါဝင်ဘဲ ယှဉ်ပြိုင် ရတော့မှာပါ။ 

မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် တွေယှဉ်ပြိုင်ဖို့အတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီ ဖြစ်ပါတယ်။

Source: Daily Mail