CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီလစ်ရှ်နဲ့ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်တို့ဟာ ဒဏ်ရာ တွေကြောင့် လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ပြောခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးဟာ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာခဲ့ပေမယ့် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခင် ဒဏ်ရာအခြေအနေကို အကဲဖြတ်ပြီးနောက် လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။ ဂရီလစ်ရှ်ဟာ ဖူလ်ဟမ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် မပါဝင်နိုင်ခဲ့ဘဲ အာနိုးလ်ကတော့ လီဗာပူးလ်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ ဂရီလစ်ရှ်နဲ့ အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားတွေ ထပ်မံခေါ်ယူ သွားမှာမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြောထားတာပါ။ အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၉ ရက် မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ပိုလန်တွင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် မှာတော့ စကော့တလန်အသင်းနဲ့ ဂလပ်စဂိုမှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စု C ကို ဦးဆောင်နေပြီး ဒုတိယနေရာက ယူကရိန်းအသင်းကို ၆ မှတ်ဖြတ် အသာရနေတာပါ။ အင်္ဂလန်အသင်းရဲ့ အုပ်စုမှာ ယူကရိန်း အသင်းအပြင် အီတလီ၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မော်လ်တာအသင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ခြေစစ်ပွဲ တွေရဲ့အုပ်စုတွင်း ထိပ်ဆုံး ၂ သင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Source:ChannelNewsAsia