CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃

အယ်လ်နာဆာအသင်းဟာ အယ်လ်ဟီလယ်အသင်းကို အချိန်ပိုမှာအနိုင်ရပြီး အာရပ်ကလပ် ချန်ပီယံများဖလားကို ရယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ဆော်ဒီကလပ်နဲ့အတူ ပထမဆုံးဆုဖလား ရရှိခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဗိုလ်လုပွဲရဲ့အချိန်ပိုမှာ အယ်လ်ဟီလယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ အယ်လ်နာဆာအသင်းဟာ တစ်ယောက်လျော့နဲ့ ကစားရပြီး အယ်လ်ဟီလယ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ရော်နယ်ဒိုဟာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ ၁ ဂိုးစီသရေနဲ့ အချိန်ပို ဆက် ကစားခဲ့ရပါတယ်။

အချိန်ပိုမှာ ရော်နယ်ဒိုက အယ်လ်နာဆာအသင်းအတွက် အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး အယ်လ်နာဆာ အသင်းကို အာရပ်ကလပ် ချန်ပီယံများဆုဖလားကို ပထမဆုံးအကြိမ် ရယူပေးနိုင်ခဲ့တာပါ။ 

အယ်လ်နာဆာအသင်း အောင်ပွဲခံနေကြစဉ်

ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၆ ဂိုးသွင်းယူပြီး ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက "အသင်းအတွက် အရေးပါတဲ့ ဆုဖလားကို ပထမဆုံးအကြိမ် ရယူပေးနိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိ ပါတယ်။ ဒီလိုဆုဖလား ရယူနိုင်ခဲ့တာမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း အလွန်ကောင်းမွန်ပြီး ဒီဆုဖလားက သူတို့နဲ့လည်း သက်ဆိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် အဖွင့်ပွဲစဉ်အဖြစ် အယ်လ်အီတီဖတ်အသင်းနဲ့ သြဂုတ် ၁၄ ရက်မှာ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Source: BBC Sport