CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၂

ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းကို ယူရိုသန်း ၁၁၀ နဲ့ ၄ နှစ်စာချူပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာသွားခဲ့ပါတယ်။

ဟာရီကိန်းဟာ စပါးအသင်းကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ နှုတ်ဆက်ပြီး မကြာခင်မှာ ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ အပြောင်းအရွှေ့ကို ကြေညာသွားခဲ့တာပါ။ 

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ စပါးအသင်းအတွက် ပွဲပေါင်း ၄၃၅ ပွဲ ပါဝင်ကစားပြီး ၂၈၀ ဂိုးသွင်းယူကာ အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်သတင်း သဘောတူညီစဉ်

ဟာရီကိန်းက “အခု ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဝင်ခွင့်ရလို့ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဘိုင်ယန်မြူးနစ် ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။ ကျနော်ဟာ ကစားသမားဘဝ တစ် လျှောက် အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ပြီး ကိုယ့်ကိုယ်ကို သက်သေပြချင်တယ်ဆိုတာ အမြဲတမ်းပြောခဲ့ဖူးပါ တယ်”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်မယ့် ဟာရီကိန်းဟာ လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် ဂျာမန် စူပါဖလားပြိုင်ပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Source: BBC