CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂

မိုနာကိုနဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ယက်ဒါဟာ မုဒိမ်းမှု၊မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှု၊လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့နဲ့ စွဲချက်တင်ခံထားရပါတယ်။

RMC Sport နဲ့ Nice-Matin တို့က ဘန်ယက်ဒါနဲ့ ညီဖြစ်သူတို့ဟာ အခုနှစ် ဇူလိုင်ထဲမှာ အသက် ၁၉ နှစ်နဲ့ ၂၀ နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။ လက်ရှိအချိန်မှာ ဘန်ယက်ဒါကို ဖမ်းဆီးမှုပြုလုပ်တာထက် တရားစီရင်ရေး ကြီးကြပ်မှု အောက်မှာ ထားရှိထားပြီး ကစားသမားဟာ အာမခံယူရို ၉၀၀,၀၀၀ ပေးခဲ့ရတာဖြစ်ပါတယ်။

ဘန်ယက်ဒါဟာ သြဂုတ် ၁၁ ရက်က မိုနာကိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာရှိခဲ့ပြီး နည်းပြဖြစ်သူက လီဂူး ဝမ်းအဖွင့်ပွဲစဉ်ဖြစ်တဲ့ ကလဲမောင့်အသင်းနဲ့ ပွဲစဉ်မှာ သူ့ကိုအသင်းလူစာရင်းမှာ ထားရှိသွားမယ်လို့ ပြောထား တာပါ။ အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ မိုနာကိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ယက်ဒါဟာ အမှုတွေရဲ့စွဲချက်တင်ခြင်း ခံရတာကြောင့် အခြေအနေတွေ ဟာ ပြန်ပြီးပြောင်းလဲသွားနိုင်တာပါ။

ဘန်ယက်ဒါဟာ စပိန်ကလပ် ဆီဗီလာအသင်းမှာ ကစားခဲ့တဲ့အချိန်တုန်းကလည်း အခွန်လိမ်လည်မှုကြောင့် စပိန် တရားရုံးတစ်ခုရဲ့ ဆိုင်းငံ့ထောင်ဒဏ် ၆ လနဲ့ ဒဏ်ကြေးငွေ ချမှတ်ခြင်းကို ခံခဲ့ရဖူးပါတယ်။ တူးလော့စ်နဲ့ ဆီဗီလာ အသင်းတွေမှာ ကစားခဲ့တဲ့ ဘန်ယက်ဒါဟာ ၂၀၁၉ ခုနှစ်က မိုနာကိုအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၆၇ ပွဲ ပါဝင်ကစားထားကာ ၉၈ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၉ ပွဲပါဝင်ကစားထားတဲ့ ဘန်ယက်ဒါဟာ ၂၀၂၂ ခုနှစ်၊ဇွန်လနောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိတော့ပါဘူး။ ဘန်ယက်ဒါဟာ ပြင်သစ်အသင်းနဲ့အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖလားကို ရယူထားနိုင်ခဲ့ပါတယ်။

Source:ChannelNewsAsia