CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၂

ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန်က အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်ဆိုတာကို ပြသဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရာသီသစ် မစတင်ခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

တာစတီဂျန်က “ကျနော်တို့အတွက် အကောင်းဆုံးအရာက ဆုဖလားတိုင်းကို ရယူနိုင်ဖို့ပါ။ မနှစ်ကရာသီက ဆုဖလား ၂ လုံးရယူနိုင်ခဲ့လို့ ပရိသတ်တွေက ဝမ်းသားခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ကြောင်းကို ပြသဖို့အတွက် ဒီကိုရောက်ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ဟာ ချန်ပီယံ လိဂ်ဖလားကို ရယူဖို့ မတွေးခဲ့ပေမယ့် အခုအချိန်မှာတော့ ဒါက အမှန်တကယ် ပစ်မှတ်ဖြစ်နေပါပြီ”လို့ ပြောခဲ့ တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန်ကိုတွေ့ရစဉ်

ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲတာပါ။ 

အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါဖလားကို ဆက်ထိန်းသိမ်းဖို့နဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

တာစတီဂျန်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ ဒုတိယမြောက် အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပြီး သူတာဝန်ယူရမယ့် အရာအတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။

တာစတီဂျန်က “ကျနော့်အလုပ်ရဲ့ အစိတ်အပိုင်းက လူငယ်ကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံး အကူအညီပေးဖို့နဲ့ ဘာစီလိုနာမှာရှိတဲ့ လူတိုင်းအတွက် စံနမူနာဖြစ်ဖို့ပါ။ ဒီလိုလုပ်ရတဲ့အတွက်လည်း ကျနော် အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဂျာမနီလက်ရွေးစင်ဂိုးသမား တာစတီဂျန်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၄ ခုနှစ်က မိုချန်ဂလာဘတ်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း ၃၇၇ ပွဲပါဝင်ကစားထားကာ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံ လိဂ် ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူထားနိုင်ခဲ့ပါတယ်။

Source: Besoccer