CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကဂိုးသမား နူအာဟာ ရက်သတ္တပတ် အနည်းငယ်ထပ်ပြီး အနားယူရမှာဖြစ်လို့ နည်းပြ တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့တဲ့ ဂိုးသမား ကီပါကို အသင်းထံ ခေါ်ယူချင်နေ ပါတယ်။

ဂျာမန်ချန်ပီယံအသင်းဟာ ဂိုးသမား ရွေးချယ်ဖို့အတွက် အခက်အခဲဖြစ်နေပြီး လက်ရှိအသင်းမှာ အယ်လ်ရစ်ရှ် တစ်ဦးတည်းသာ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေတာပါ။ 
ဆွစ်ဇာလန်ဂိုးသမား ဆွန်မားဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် အခုအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်ဂိုးသမား နူအာကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စကိတ်စီးခရီးတစ်ခုမှာ ခြေထောက်ကျိုးသွားခဲ့လို့ အနားယူနေရပြီး ပွဲကစားနိုင်ဖို့ မသေချာသေးပါဘူး။

အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသမားအသစ် တစ်ဦးကို ရှာဖွေနေပြီး နည်းပြ တူချယ်လ်က ကီပါကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူပေးဖို့ တောင်းဆိုထားတာပါ။

 နူအာကိုတွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ကီပါရဲ့ အပြောင်းအရွှေ့အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေ၊ ပရီးမီးယားလိဂ် ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ Sport-1 က ဖော်ပြထားပါတယ်။ 

တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ချိန်က မန်ဒီကို ပိုပြီးအသုံးပြုခဲ့ပေမယ့် အခုအချိန်မှာတော့ ကီပါကို သူ့ရဲ့ အသင်းထံ ခေါ်ယူချင်နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကီပါကို အပြီးသတ် ဝယ်ယူခွင့် အပါအဝင် ကနဦးအငှားနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါ တယ်။ ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဘရိုက်တန် အသင်းဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူထားတာကြောင့် ကီပါဟာ ပွဲထွက်နေရာအတွက် အပြိုင်အဆိုင်ကြိုးစားရမှာပါ။ 

စပိန်ဂိုးသမားနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေပါသေးတယ်။

၂၀၁၈ ခုနှစ်က ဘီလ်ဘာအို အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းနဲ့ ချယ်လ်ဆီး အသင်းကို ရောက်ရှိလာခဲ့တဲ့ ကီပါဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

Source: Goal