CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို အရေးနိမ့်ပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပေမယ့် နည်းပြတူချယ်လ်ကတော့ သူအသင်းမှာဆက်ရှိမယ်လို့ ပြောလိုက်ပါတယ်။

တူချယ်လ်က “ကျနော်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလားနဲ့ နည်းပြအဖွဲ့ဝင်တွေက ရလဒ်ဆိုးတွေကနေ ပြန် ကောင်းအောင်လုပ်နိုင်မလားဆိုပြီး ခင်ဗျားတို့ ကျနော့်ကိုမေးရင် ကျနော်ကတော့ ဟုတ်တယ်လို့ပဲ ဖြေရမှာပါ။ ရှုံးနိမ့်ပြီးတိုင်းမှာ ဖိအားတွေက ပိုပြီးတိုးလာပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဘယ်တော့မှရပ်တန့်သွားမှာ မဟုတ်သလို ကြိုးစားမှုကိုလည်း ဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဒီပွဲကို နောက်ထပ် ၅ ကြိမ်ထပ် ကစားရင် ၅ ကြိမ်စလုံး ကျနော်တို့ အနိုင်ရမှာပါ။ ဒီရှုံးပွဲအတွက်ကစားသမားတွေကို အပြစ်တင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘိုချန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ၂၀၁၅ ခုနှစ်၊မေလ နောက်ပိုင်း ပထမဆုံးအကြိမ်ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီး နည်းပြ တူချယ်လ်အပေါ်မှာလည်း ဖိအားတွေပိုပြီးတိုးလာခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကတော့ တူချယ်လ် ကို နည်းပြရာထူးက ထုတ်ပယ်ဦးမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂေါ်ရက်စကာက “မပြီးဆုံးသေးတဲ့ ထိတ်လန့်စရာရုပ်ရှင်တစ်ခုလို ကျနော် ခံစားနေရပါတယ်။ လက်ရှိအခိုက်အတန့်မှာ အရာအားလုံးက ကျနော်တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ကျနော် တို့ဟာ အရာအားလုံးကိုကြိုးစားခဲ့တာကြောင့် ခင်ဗျားတို့ ကျနော်တို့ကို အပြစ်တင်လို့မရဘူး”လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးပွဲ ဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Source:ESPN