CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၈

ချယ်လ်ဆီးအသင်းရဲ့ ရှေ့တန်ကစားသမား အန်ကွန်ကူဟာ ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနား ယူရမှာဖြစ်လို့ ရာသီအစ ပွဲစဉ်တွေကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပွဲချိန် ၂၂ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ 

အခုအပြောင်းအရွှေ့ကမှ လိုက်ပ်ဇစ် အသင်းကနေ ပေါင် ၅၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်ကွန်ကူဟာ ဘယ် ဘက် ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်အကြာထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အသက် ၂၅ နှစ်အရွယ်ရှိ ကစားသမားဟာ သြဂုတ် ၁၃ ရက်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို သေချာပေါက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အန်ကွန်ကူဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ချယ်လ်ဆီး အသင်းအတွက် ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ကစား သမား အနားယူရမယ့် သတင်းဟာ နည်းပြ ပိုချက်တီနိုအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

အန်ကွန်ကူကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် ပဲလေ့စ်အသင်းက အိုလီဆီကို ချိတ်ဆက်နေသလို ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာချင်နေတဲ့ နေမာနဲ့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ 

လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ရဂိုး ကလည်း ၃၈ ဂိုးသာရခဲ့လို့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေကို အားဖြည့်ပြီး ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ရောက်နိုင်ဖို့ နည်းပြ ပိုချက်တီနိုက ကြိုးစားနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဂျက်ဆန်ကို ဗီလာရီးရယ်လ် အသင်းကနေ ခေါ်ယူ ထားပေမယ့် အပြောင်းအရွှေ့ မပိတ်ခင်မှာ နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ ဈေးကွက်ထဲမှာ ရှာဖွေ နေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး ရှာဖွေနေသလို အန်ကွန်ကူ အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း မျှော်လင့်နေတယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Goal