CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၉

အာဆင်နယ်အသင်းဟာ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ဘရန်ဖို့ဒ်အသင်းနဲ့ ပြောင်းရွှေ့ ကြေး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ဘရန်ဖို့ဒ်အသင်းဟာ ဒေးဗစ်ရာယာအတွက် ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားပေမယ့် အခုအချိန်မှာ နှစ်သင်းကြား ပေါင်သန်း ၃၀၊ အပိုဆုကြေးတွေနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။ 

စပိန်ဂိုးသမားဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို အသိပေးထားပြီး ဖြစ်သလို လန်ဒန် ကလပ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပါတယ်။ 

ဒေးဗစ်ရာယာဟာ မကြာခင်မှာ အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲမှာပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ဒေးဗစ်ရာယာကိုတွေ့ရစဉ်

ဘရန်ဖို့ဒ် ဂိုးသမားဟာ အာဆင်နယ်အသင်းရဲ့ နံပတ်တစ် ဂိုးသမားနေရာအတွက် အင်္ဂလန်ဂိုးသမား ရမ်စဒေးလ် ကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက အာဆင်နယ်အသင်း ထံ လာဖို့ကို ရွေးချယ်ခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းမှာရှိတဲ့ နေရာအားလုံးအတွက် ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်တယ်လို့ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
အာတီတာက “ဒီနေရာမှာ ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ရှိနေရာမှာပါ၊ ဘယ်သူ့နေရာပဲ ဖြစ်ဖြစ်ပါ။ ကျနော်တို့ အနေနဲ့ ဒီလိုမခံစားရဘူးဆိုရင် ကစားသမားတိုင်းရဲ့ အကောင်းဆုံးကို ရမှာမဟုတ်ပါဘူး။ ဒီလိုမျိုးခံစားနေရမှ အသင်းအနေနဲ့ ပိုပြီးတော့ ကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ ဒေးဗစ်ရာယာဟာ ဘရန်ဖို့ဒ်အသင်းကို ၂၀၁၉ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် တန်းတက်နိုင်အောင် လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ရာယာဟာ စပိန်လက်ရွေးစင် အသင်းအတွက် ၂ ပွဲ ပါဝင်ကစားထားပါတယ်။

Source: Metro