CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

အာတီတာက VAR ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို ရှုံးခဲ့ရတာလို့ ဒေါသပေါက်ကွဲလိုက်ပါတယ်။

အာတီတာက “ဆုံးဖြတ်ချက်တွေက တသမတ်တည်းမရှိပါဘူး။ပြီးခဲ့တဲ့အပတ်ကဆို ရမ်စဒေးလ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် ပျော့ပျောင်းတယ်ဆိုပြီး ပြစ်ဒဏ်ဘောမပေးခဲ့ပါဘူး။ဆာကာကိုလည်း သူတို့ဘက်က ပြစ်ဒဏ် ကျူးလွန်ခဲ့ပေမယ့် ဒါကိုလည်း ပင်နယ်တီမပေးခဲ့ပါဘူး။ဒီနေ့ကျတော့လည်း ကျနော်တို့ ဂိုးရတာကို ပြစ်ဒဏ်ဘော အဖြစ်သတ်မှတ်ခဲ့တယ်။ပထမပိုင်းမှာဆို ယူနိုက်တက်ဘက်ကို အဝါကတ်မပြသခဲ့တာ ခင်ဗျားတို့ မြင်တွေ့နိုင် ပါတယ်။ဒိုင်လူကြီးတွေက ပွဲကြီးတွေဆို ဆုံးဖြတ်ချက်ချတာကို ထိန်းချုပ်လိုက်ပါတယ်။ နားလည်ရခက်ပါတယ်” လို့ Sky Sports ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရတာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မာတင်နယ်လီက အာဆင်နယ်အတွက် ဦးဆောင် ဂိုးသွင်းယူခဲ့ပေမယ့် အိုဒီဂတ်က အဲရစ်ဆန်ကို ပြစ်ဒဏ်ဘောကျူးလွန်တယ်ဆိုပြီး ဒိုင်လူကြီး VAR ကြည့်ရှူကာ ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီနောက်မှာ ယူနိုက်တက်အတွက် အန်တိုနီက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဆာကာက ဒုတိယပိုင်းမှာ အာဆင်နယ် အတွက် ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။ဒါပေမယ့် ရက်ရှ်ဖိုဒ့်က အနိုင်ဂိုး ၂ ဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။အာတီတာက ဒီရှုံးပွဲကို စိတ်ပျက်မိတယ် လို့လည်း ပြောခဲ့တာပါ။

အာတီတာက “ကျနော်တို့ ဒီပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရလို့ အလွန်စိတ်ပျက်မိပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ပွဲကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။သူတို့က နေရာ လွတ်တွေရသွားတဲ့အချိန်မှာ ခင်ဗျားတို့ကို နာကျင်စေပါလိမ့်မယ်”လို့ပြောခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ ကြားရက်တွေမှာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွေအဖြစ် ဆိုစီဒက်၊ ဇူးရစ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal