CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ကာရာဘောင်းဖလားက အသင်းအတွက် မလုံလောက်သေးဘဲ နောက်ထပ်ဆုဖလားတွေထပ်ပြီး ရယူချင်တယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ဒါဟာ အံသြစရာကောင်းတဲ့ ခံစားချက်ပါပဲ။ဒီလိုမျိုးအချိန်တွေကို ကျနော်တို့ ရှာဖွေနေခဲ့တာပါ။ကျနော်တို့ ပရိသတ်တွေ၊ကလပ်အသင်းတွေနဲ့အတူ နောက်ဆုံးမှာ ဆုဖလားရယူပြီး ဒါဟာ ထိုက်တန်တယ်လို့ ထင်ပါတယ်။ဒါဟာ အံသြစရာကောင်းတဲ့ကာလဖြစ်ပြီး ဒီရာသီရဲ့ပထမဆုံးဆုဖလားပါ။ ကျနော်တို့ ဒီထက်ပိုပြီးဆုဖလားရယူချင်ပါတယ်။ဒါဟာ ကလပ်အသင်းအတွက် မလုံလောက်ပါဘူး။ ကျနော်တို့ရဲ့ စံနှုန်းတွေ က ပိုပြီးတောင်းဆိုနေတာကြောင့် ဆုဖလားတွေထက်ပြီး ရယူချင်ပါတယ်။ ဒီဆုဖလားရခဲ့လို့ ကျေနပ်ပေမယ့် ပိုပြီးလိုချင်တယ်” လို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အတွက် ဂိုးတွေကို ကတ်စမဲရိုးနဲ့ နယူးကာဆယ် နောက်ခံလူ ဘောဒ့်မန်းက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။ဒီ ဆုဖလားဟာ မန်ချက်စတာကလပ်အတွက် ၆ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်အတွက်လည်း သူ့ရဲ့ပထမဆုံးရာသီမှာ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ယူနိုက်တက်ကို သူတို့ရှိခဲ့တဲ့နေရာမှာရောက်အောင် ပြန်လည်လုပ်ဆောင်နေတာဟာ အခုမှ အစပဲရှိပါသေးပြီး ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ဒါက ပထမဆုံးတစ်ခုပါပဲ။ကစားသမားတွေဟာ အလွန်ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေရှိပြီး အချင်းချင်းလည်း စိန်ခေါ်မှုတွေရှိပါတယ်။အဝတ်လဲခန်းက တကယ်ကိုကောင်းပြီး ခက်ခဲနေ တဲ့အချိန်မှာလည်း တစ်ဦးနဲ့တစ်ဦးကူညီမှုရှိကြပါတယ်။ ယူနိုက်တက်အသင်းဟာ ဆုဖလားတွေရယူဖို့ ရပ်တည် နေတဲ့အသင်းဖြစ်လို့ ဆုဖလားတွေအတွက် ဆာလောင်မှုနဲ့ စိတ်ဆန္ဒပြင်းပြတယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုတစ်ကြိမ်အပါအဝင် ကာရာဘောင်းဖလားချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်၊အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုရယူနိုင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဒီရာသီမှာ ဆုဖလား ၄ လုံး ရယူနိုင်ဖို့ မျှော်လင့်ချက် တွေရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်ကြားရက်မှာတော့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal