CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

ယူနိုက်တက်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ လုံးဝ လိုအပ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲအပြီးမှာ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “တိုက်စစ်မှူးသစ်တစ်ဦး လုံးဝ လိုအပ်ပါတယ်။ ကျနော်တို့ဟာ တစ်ဦးချင်း စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ ပိုပြီးလိုအပ်ပါတယ်။ ကျနော်တို့မှာ ဒီလို အခြေအနေတွေရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ တော်မီနေး တို့က ဂိုးသွင်းယူနိုင်ရပါမယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဒီလို အခြေအနေတွေမှာ ဂိုးအများအပြား သွင်းယူနိုင်ရပါမယ်။ တိုက်စစ်မှူး ခေါ်ယူနိုင်ဖို့အတွက် အမြန်ဆုံး ပြီး မြောက်အောင် လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရီးရယ်လ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အခွင့်အရေး အများအပြားကို ဖန်တီးနိုင်ခဲ့ ပေမယ့် ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ထိပ်သီးအသင်း ၆ သင်းထဲမှာ သွင်းဂိုး နည်းပါးခဲ့တာ ကြောင့် တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်

မန်ချက်စတာကလပ်ဟာ လက်ရှိအချိန်မှာ အတ္တလန္တာအသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့အတွက် အီတလီကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီ မှုရရှိခဲ့ပေမယ့် အတ္တလန္တာအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတာ ဖြစ်ပါ တယ်။
ဟော့ဂျ်လန်းနဲ့ ပတ်သက်ပြီး အဲရစ်တန်ဟတ်က “တခြားကလပ်တွေနဲ့ စာချုပ်ရှိတဲ့ ကစားသမားတွေ အကြောင်း ကို ကျနော်တို့ ဘယ်တော့မှ မပြောပါဘူး။ ကျနော်တို့မှာ ပစ်မှတ်တွေရှိပါတယ်။ ကျနော်တို့အတွက် မှန်ကန်တဲ့ က စားသမားနဲ့ စာချုပ်ချုပ်ဖို့ လုပ်ဆောင်နေပြီး ဒီအတွက် အလုပ်ရှုပ်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Daily Mail