CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(အာရှဇုန်)နဲ့ ၂၀၂၇ အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲ ပထမအဆင့်အတွက် မဲခွဲမှုပြုလုပ်ခဲ့တာ မှာ မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်က မလေးရှားနိုင်ငံမှာ မဲခွဲမှုပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမှာပါ။

ပထမအကျော့ ပွဲစဉ်တွေကို အောက်တိုဘာ ၁၂ ရက်နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

အနိုင်ရတဲ့ အသင်း ၁၀ သင်းဟာ ဒုတိယအဆင့်မှာတော့ ကျန်ရှိနေတဲ့ ၂၆ သင်းနဲ့ ပေါင်းပြီး ခြေစစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။

အာဆီယံထိပ်သီး အသင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးရှားအသင်းတို့ကတော့ ဒုတိယအဆင့် ရောက်မှသာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

မြန်မာအသင်းကို တွေ့ရစဉ် 

မြန်မာအသင်းဟာ ပထမအဆင့်မှာ တွေ့ဆုံရမယ့် မကာအိုအသင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လကမှ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ကစားထားပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲတုန်းက မြန်မာအသင်းအတွက် ဂိုးတွေကို လွင်မိုးအောင် နဲ့ မောင်မောင်လွင်တို့က သွင်းယူခဲ့တာပါ။

မြန်မာအသင်းဟာ အောက်တိုဘာလမှာ ကစားမယ့် ခြေစစ်ပွဲ ပထမအဆင့် မတိုင်ခင် စက်တင်ဘာလထဲမှာ ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတုန်းက ဒုတိယအဆင့်မှာ ၈ ပွဲ ကစားခဲ့ တာမှာ ၂ ပွဲသာ အနိုင်ရပြီး ၆ ပွဲအထိ အရေးနိမ့်ခဲ့တာပါ။ 

၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမှာလည်း မြန်မာအသင်းဟာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

မြန်မာအသင်းဟာ ၁၉၆၈ က ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ခြေစစ်ပွဲ အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။