CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ရာသီသစ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ယုံကြည်နေပါတယ်။

အာဆင်ဝင်းဂါးက “ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့တာက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ကျနော်ထင်ပါ တယ်။ အာဆင်နယ်အသင်းဟာ မနှစ်က ရာသီကထက် ပိုပြီးဖိအားပေးတာ ခံရမှာဖြစ်ပေမယ့် သူတို့ဟာ အများ ကြီး သင်ယူပြီးသွားပါပြီ။ အဲဒါကြောင့် အခုအချိန်မှာသူတို့ဟာ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြောင်းကို ပြသနိုင်ပါတယ်။ ချန်ပီယံဆုကို ကျနော်တို့ ရယူနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါက ရိုးရှင်းပါ တယ်”လို့ Eurosport ကို ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ လက်လွှတ်ခဲ့ရတာကြောင့် ရာသီသစ်မှာ ဒီဆုဖလားကို စိန်ခေါ်နိုင်ဖို့ အဓိက ပစ်မှတ်ထား နေခဲ့ပါတယ်။

လန်ဒန်ကလပ်ဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဗတ်ဇ်၊ တင်ဘာနဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူပြီး အသင်း ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ 

အာဆင်ဝင်းဂါးကို ပရီးမီးယားလိဂ်ဖလားနဲ့အတူတွေ့ရစဉ် 

အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ကလပ်စံချိန်တင်နဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်း ပေးပြီး ခေါ်ယူကာ အသင်းမှာ ကာလကြာရှည်ရှိမယ့် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ 

အာဆင်နယ် ဂန္ထဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးက ကစားသမားသစ်တွေဟာ ဒီရာသီအသင်းကို ပရီးမီးယား လိဂ် ရယူပေးနိုင်အောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါးလက်ထက် ၂၀၀၃-၀၄ ရာသီက ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပြီးကတည်းက အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီက ဒီဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ အကောင်းဆုံး အခြေအနေမှာရှိခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့တာကြောင့် မန်စီးတီးအသင်းထံ ပရီးမီးယားလိဂ်ဖလားကို လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမား ၂၇ ဦးနဲ့ ရာသီကြို ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ အမေရိကန်ကို သွားရောက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ မေဂျာလိဂ် အောလ်စတားအသင်းနဲ့ စတင်ယှဉ်ပြိုင်မှာပါ။ 

ဒီပွဲပြီးရင်တော့ အာဆင်နယ်အသင်းဟာ ယူနိုက်တက်၊ ဘာစီလိုနာ၊ မိုနာကိုအသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။

Source: Goal