CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

မြန်မာအသင်းဟာ ကျင်းပနေတဲ့ အာဆီယံယူ-၁၉ အမျိုးသမီးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲမှာ ထိုင်းအသင်းကို အရေး နိမ့်ခဲ့ပေမယ့် အကောင်းဆုံးအုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ပြီး ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ မြန်မာအသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့သလို ထိုင်းအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို မြန်မာအသင်းခံစစ်နဲ့ ဂိုးသမားတို့က ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ဂိုးကြောင့် မြန်မာ အသင်းဟာ ထိုင်းအသင်းကို အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ထိုင်းအသင်းဟာ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးနေရာရရှိကာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။

မြန်မာအသင်းကတော့ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယနေရာရရှိခဲ့ပေမယ့် ဒီပြိုင်ပွဲရဲ့ အုပ်စုတွင်း မှာ ဒုတိယတွေရခဲ့ကြတဲ့ ကမ္ဘောဒီးယားနဲ့ မလေးရှားတို့ထက် ဂိုးကွာခြားချက် အသာရခဲ့တာကြောင့် အကောင်းဆုံးအုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ တွေ့ဆုံခဲ့ပေမယ့် ပြိုင်ပွဲရဲ့စည်းမျဉ်းတွေပြောင်းလဲခဲ့တဲ့အတွက် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင် ရတော့မှာပါ။

မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့် ကလေးတွေ အကောင်း ဆုံးကြိုးစားခဲ့ကြပါတယ်။ ကျနော်တို့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာဖို့အတွက် လာမယ့်ပွဲတွေမှာ အမှား တွေကို ပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

အခြား ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ပွဲစလုံးကို ဇူလိုင်လ ၁၃ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၄ ခုနှစ်ကပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာလို့ အချက်အလက်တွေအရ သိရပါ တယ်။