CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းဟာ ရုရှားမှာ ရာသီကြိုပြိုင်ပွဲကစားခဲ့တဲ့ တူရကီကလပ် ဖီနာဘာချီအသင်းကို ဂုဏ်သိက္ခာမရှိသလို အသိတရား ကင်းမဲ့တဲ့အသင်းလို့ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

ဒိုင်နမိုကိဗ်အသင်းက “ရုရှားစွမ်းအင်ကုမ္ပဏီကြီးရဲ့ သွေးစွန်းတဲ့ ငွေတွေက ခင်ဗျားတို့ကို အရာအားလုံး ဖြတ် တောက် ပစ်လိုက်ပါတယ်။ အဲဒါကြောင့် ခင်ဗျားတို့ဟာ ဂုဏ်သိက္ခာလည်း မရှိတော့သလို အသိတရားလည်း ကင်း မဲ့ သွားပါပြီ။ ဒီအဆင့်မှာ ဘယ်အရာကမှ မျှတမှုရှိအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို ရှက်စရာကောင်းတဲ့ အပြု အမူ၊ ကိုယ်ကျင့်တရားနဲ့ လူ့အရည်အသွေးတွေမပါဘဲ လူသတ်သမားတွေဆီသွားတဲ့ ခရီးအတွက် ငွေကြေးက ခင်ဗျားတို့ကို လျော်ကြေး မပေးနိုင်ပါဘူး”လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

စိန့်ပီတာစဘတ်ရှိ Gazprom Arena မှာ ကျင်းပတဲ့ ရာသီကြိုပြိုင်ပွဲမှာ ဖီနာဘာချီအသင်းဟာ ဇင်းနစ်၊ ရက်ဒ် စတားဘဲလ်ဂရိတ်၊ နက်ဖ်ချီတို့နဲ့ ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

ဖီနာဘာချီအသင်းကို တွေ့ရစဉ်

ဒီပွဲမှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ဇင်းနစ်အသင်းက ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးကတည်းက ဒီနိုင်ငံက အသင်းတွေဟာ ယူအီးအက်ဖ်နဲ့ ဖီဖာ လက်အောက်ရှိ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာပါ။

ဖီနာဘာချီအသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်အသင်းနဲ့ ပွဲမှာ ရုရှားသမ္မတ ပူတင်ရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြလို့ လာမယ့် ဥရောပပြိုင်ပွဲမှာ ၁ ပွဲ ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါအပြင် ယူအီးအက်ဖ်အေက ဖီနာဘာချီအသင်းကို ဒဏ်ကြေးငွေ ယူရို ၅၀,၀၀၀ ပေးချေဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ပါ တယ်။

ဖီနာဘာချီအသင်းဟာ ဒိုင်နမိုကိဗ်အသင်းရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘာမှပြောကြားထားခြင်း မရှိသေးဘူး လို့ သိရပါတယ်။ 

Source: ရိုက်တာ