CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ၂၀၂၄ နွေရာသီ အမေရိကန်မှာ ကျင်းပမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်လက်ရွေးစင် နည်းပြသစ်အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုရိုဒရီဂွတ်ဇ်က ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး ဖလူမီနတ်စ်နည်းပြ ဖာနန်ဒိုဒီနဇ်ဟာ အန်ဆယ်လော့တီ အသင်းကို မကိုင်တွယ်ခင် ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ရမှာပါ။ 
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ အီတလီလူမျိုးနည်းပြဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ်နည်းပြသစ်အဖြစ် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်

အက်ဒ်နယ်လ်ဒိုရိုဒရီဂွတ်ဇ်က “ဒီနဇ်ရဲ့ ပွဲအစီအစဉ်တွေဟာ ကိုပါအမေရိကဖလားမှာ တာဝန်ယူမယ့် အန်ဆယ်လော့တီနဲ့ နီးပါးတူညီမှု ရှိပါတယ်။ သူ့ကို နိုင်ငံအသင်းရဲ့ ယာယီနည်းပြလို့ ကျနော်တို့ ခေါ်မှာ မဟုတ်ပါဘူး။ သူက အန်ဆယ်လော့တီအတွက် ဘရာဇီးလ်ကိုလာပြီး အပြောင်းအလဲတွေ လုပ်ပေးမယ့်သူ”လို့ ပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန်ထားခြင်း မရှိသလို ရီးရယ်လ် အသင်း ဘက်ကလည်း ဘာမှပြောဆိုထားခြင်း မရှိပါဘူး။ 

အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ နိုင်ငံလက်ရွေးစင်အသင်းကို ကိုင်တွယ်ထားဖူးခြင်း မရှိပေမယ့် ဥရောပထိပ်တန်း ၅ လိဂ်မှာ အမှတ်ပေးဖလား အားလုံးကို ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ၄ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ စက်တင်ဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပြီး ဘိုလီဗီးယား၊ ပီရူးတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Daily Mail